ဂိုးသွင်းအောင်ပွဲခံ ဝေဖန်မှု နောက်ကွယ်က 'လူမျိုးရေးခွဲခြားမှု'ကို တုံ့ပြန်လိုက်တဲ့ ဗီနီစီယပ်စ်

ဂိုးသွင်းအောင်ပွဲခံ ဝေဖန်မှု နောက်ကွယ်က 'လူမျိုးရေးခွဲခြားမှု'ကို တုံ့ပြန်လိုက်တဲ့ ဗီနီစီယပ်စ်

ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဗီနီစီယပ်စ် ဂျူနီယာက "ဥရောပမှာ လူမည်း ဘရာဇီးလ်သားတစ်ယောက်ရဲ့ ပျော်ရွှင်မှု"ဟာ သူ့ရဲ့ဂိုသွင်းအောင်ပွဲခံမှု နောက်ကွယ်မှာ ဝေဖန်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

စပိန်နိုင်ငံ ဘောလုံးအေးဂျင့်အဖွဲ့ဥက္ကဋ္ဌ ပက်ဒရို ဘရာဗိုက အသက် ၂၂ နှစ်အရွယ်ကစားသမားအကြောင်း ဘရာဗို စပိန်ရုပ်မြင်သံကြား ဆွေးနွေးမှုတစ်ခုမှာ "စပိန်မှာ ပြိုင်ဘက်တွေကို လေးစားပြီး မျောက်တကောင်လို ကခုန်နေတာတွေကို ရပ်လိုက်ပါ။"လို့ အသားအရောင်နဲ့ လူမျိုးရေး ခွဲခြားမှုလို့ စွပ်စွဲပြောဆိုမှုတွေကို ဦးတည်ဖြစ်ပေါ်စေတဲ့ဘက်ကို ပြောဆိုပါတယ်။

ဘရာဗိုက သူဟာ စကားလုံးတစ်ခုကို အလွဲအသုံးပြုလုပ်ခဲ့တယ်လို့ Twitter မှာ တောင်းပန်ခဲ့ပါတယ်။

"လက်ခံလိုက်ပါ၊ လေးစားပါ။ ဘာပဲဖြစ်စေ၊ ကျနော်ရပ်တန့်မှာ မဟုတ်ဘူး!"လို့  ဗီနီစီယပ်စ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒီရာသီဥရောပချန်ပီယံ ရီးယဲလ်အတွက် ၈ ပွဲကစားပြီး ၅ ဂိုး သွင်းယူထားတဲ့ ဘရာဇီးလက်ရွေးစင်ကစားသမားက သူဟာ ဂိုးသွင်းအောင်ပွဲခံရာမှာ ကပြတဲ့ ပထမဆုံးကစားသမားမဟုတ်ဘဲ အလားတူပုံစံ အခြားကြယ်ပွင့်ကစားသမားတွေရှိတယ်လို့ ထောက်ပြခဲ့ပါတယ်။

"လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေက လူတချို့က ကျနော့်ရဲ့ အကကို ဝေဖန်မှု စတင်ခဲ့ကြတယ်။ ဒါပေမဲ့ ကတာက ကျနော်တစ်ယောက်တည်းတော့ မဟုတ်ဘူး" ဟု Vinicius က ဆိုသည်။

"သူတို့က ရော်နယ်လ်ဒင်ဟို၊ နေမာ၊ [Lucas] ပါကယ်တာ၊ [အန်တိုနီ] ဂရစ်ဇ်မန်း၊ ဂျာအို ဖီးလစ်၊ မာတီးနနက် ... ဘရားဇီးလ် funk အဆိုတော်တွေနဲ့ ဆမ်းဘားကသူတွေ၊ လက်တင် ရက်ဂေတန်အဆိုတော်တွေနဲ့ လူမည်းအမေရိကန်တွေပါ။

“သူတို့ဟာ ကမ္ဘာရဲ့ မတူကွဲပြားမှုတွေကို ဂုဏ်ပြုဖို့ ကခုန်ကြသူတွေပါ။

"ပျော်ရွှင်မှုကို အနှောက်အယှက် ပေးတယ်လို့ သူတို့က ဆိုကြပါတယ်။ ဥရောပမှာ အောင်မြင်နေတဲ့ ဘရာဇီးလ် လူမည်းတစ်ယောက်ရဲ့ ပျော်ရွှင်မှုက ပိုပြီး အနှောက်အယှက်တွေ ဖြစ်စေပါတယ်။

"ဒါပေမယ့် ကျနော့်ရဲ့ အနိုင်ယူလိုစိတ်၊ ကျနော့်အပြုံးနဲ့ ကျနော့်မျက်လုံးထဲက တောက်ပမှုက အဲဒီထက် အများကြီး ပိုကြီးမားတယ်။"

ဗီနီစီယပ်စ်ကို သူ့ရဲ့ကလပ်အသင်း၊ နိုင်ငံ၊ အသင်းဖော်တွေနဲ့ ပြိုင်ဘက်တွေက ထောက်ခံအားပေးကြပါတယ်။

Ref; BBC
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly