အိန္ဒိယနှင့် ဗီယက်နမ်တို့၏ ဒုတိယအကြိမ်မြောက် လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲကို နယူးဒေလီတွင် ကျင်းပ

အိန္ဒိယနှင့် ဗီယက်နမ်တို့၏ ဒုတိယအကြိမ်မြောက် လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲကို နယူးဒေလီတွင် ကျင်းပ

အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံတို့၏ နိုင်ငံတော်လုံခြုံရေး ဒုတိယအကြံပေးအရာရှိ အဆင့် ဒုတိယအကြိမ် ဆွေးနွေးပွဲကို စက်တင်ဘာ ၁၃ ရက်က နယူးဒေလီမြို့တွင် ကျင်းပခဲ့ကြသည်။

အိန္ဒိယ နိုင်ငံတော်လုံခြုံရေးကောင်စီအတွင်းဝန်ရုံး (NSCS) ဘက်မှ ဒုတိယနိုင်ငံတော်လုံခြုံရေးအကြံပေးအရာရှိ ဗီကရမ်မီဆရီနှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ ဦးဆောင်တက်ရောက်ခဲ့သလို ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံဘက်မှ ပြည်သူလုံခြုံရေးဒုတိယဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး လောင်တန်ကန်းတို့ ပါဝင်ခဲ့သည်။

အိန္ဒိယ NSCS နှင့် ဗီယက်နမ် ပြည်သူလုံခြုံရေးဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာတစ်ရပ်ကို ၂၀၁၆ ခုနှစ်က ရေးထိုးခဲ့ပြီး ဌာနအဆင့် ပူးပေါင်းဆောင်ရွက်မှု ယန္တရားတစ်ရပ်ကို ထူထောင်ခဲ့သည်။ အဖွဲ့၏ ပထမအကြိမ် တွေ့ဆုံပွဲကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ၂၀၁၈ ခုနှစ် ဧပြီလက ကျင်းပခဲ့သည်။ 

အဆိုပါ တွေ့ဆုံပွဲတွင် NSA ဒုတိယအကြီးအကဲ မီဆရီက ဝန်ကြီးချုပ် မိုဒီ၏ အင်ဒို-ပစိဖိတ် သမုဒ္ဒရာရပ်ဝန်းနိုင်ငံများအစီအစဉ် (IPOI) ဖြစ်သော ပင်လယ်ရေပိုင်နက် ထိန်းသိမ်းစောင့်ရှောက်ရေး၊ ရေရှည်တည်တံ့ရေးနှင့် လုံခြုံရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများကို ဆွေးနွေးခဲ့သည်။ 

‌ဒေသတွင်း ငြိမ်းချမ်းလုံခြုံရေးနှင့် အင်ဒို-ပစိဖိတ်ဗိသုကာပုံစံတည်ဆောက်ရေးတွင် အိန္ဒိယ၏ ကြိုးပမ်း‌ဆောင်ရွက်မှုကို ဗီယက်နမ်က အသိအမှတ်ပြုခဲ့သည်။

အကြမ်းဖက်တိုက်ဖျက်ရေးကဲ့သို့သော ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက်လည်း နှစ်နိုင်ငံ တာဝန်ရှိသူများက သဘောတူညီခဲ့သည်။ 

အစွန်းရောက်လုပ်ငန်းကွန်ရက်များ၊ အကြမ်းဖက်ဝါဒ၊ မူးယစ် ဆေးဝါးနှင့် လက်နက်များ ထုတ်လုပ်ခြင်း၊ မှောင်ခိုကူးခြင်းတို့အပေါ် တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်းလည်း နှစ်နိုင်ငံ သဘောတူညီခဲ့ကြသည်။ 

ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းစဉ်များအတွက် ဗီယက်နမ် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန အရာရှိများကို သင်တန်းပေးခြင်းအပါအဝင် အရည်အသွေးမြှင့်တင်ရေး အစီအစဉ်များအတွက် ဆက်လက် အကူအညီပေးရန်လည်း  အိန္ဒိယက ကမ်းလှမ်းခဲ့သလို ဆိုက်ဘာလုံခြုံရေး နယ်ပယ်အတွက် ကျွမ်းကျင်မှုနှင့် ဗဟုသုတများကို မျှဝေပေးရန်လည်း အဆိုပြုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly