နိုင်ငံတကာ နေရောင်ခြည်စွမ်းအင်ဆိုင်ရာ မိတ်ဘက်အဖွဲ့မူဘောင် သဘောတူစာချုပ်ကို ဘူတန်နိုင်ငံ ပါဝင် လက်မှတ်ရေးထိုး

နိုင်ငံတကာ နေရောင်ခြည်စွမ်းအင်ဆိုင်ရာ မိတ်ဘက်အဖွဲ့မူဘောင် သဘောတူစာချုပ်ကို ဘူတန်နိုင်ငံ ပါဝင် လက်မှတ်ရေးထိုး

နိုင်ငံတကာ နေရောင်ခြည်စွမ်းအင်ဆိုင်ရာ မဟာမိတ်အဖွဲ့ (ISA ) ၏ မူဘောင် သဘောတူစာချုပ်ကို  ဘူတန်နိုင်ငံက စက်တင်ဘာ ၁၃ ရက်တွင် ပါဝင်လက်မှတ်ရေးထိုးလိုက်သည်။

“အိန္ဒိယနိုင်ငံဆိုင်ရာ ဘူတန်သံအမတ်ကြီး ဗိုလ်ချုပ် ဗက်တ်ဆော့နမ်ဂီယေးက လက်မှတ်ရေးထိုးထားသည့် စာချုပ်စာတမ်းများကို စာချုပ်အဖွဲ့၏ အတွင်းရေးမှူး အီးအာရ်ဒမ်မူးရာဝီထံ လွှဲပြောင်း ပေးအပ်ခဲ့ရာ အဖွဲ့၏ ညွှန်ကြားရေးမှူးချုပ်လည်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်” ဟု အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာန ပြောခွင့်ရ အရာရှိ အာရင်ဒမ်ဘက်ချီက ပြောကြားသည်။

ISA အဖွဲ့သည် နေရောင်ခြည်စွမ်းအင် နည်းပညာများ ပိုမိုပြုရေးအတွက် အဖွဲ့ဝင်များအကြား ပံ့ပိုးကူညီ ဆောင်ရွက်ပေးခြင်းဖြစ်သည်။ 

ယင်း၏ အခြေခံရည်မှန်းချက်မှာ စွမ်းအင်ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးခြင်း၊ စွမ်းအင်လုံလောက်စေရေး နှင့် အဖွဲ့ဝင်နိုင်ငံများအကြား စွမ်းအင်လွှဲပြောင်းပေးရေးတို့ဖြစ်သည်။

နေရာင်ခြည် စွမ်းအင်နည်းပညာ အသုံးပြု၍ ရာသီဥတုပြောင်းလဲခြင်းကို ထိန်းသိမ်းရန် အိန္ဒိယနှင့် ပြင်သစ်တို့က ISA ကို ပူးပေါင်းဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

ISA သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးထားသည့် ၁၀၆ နိုင်ငံအနက် ၈၆ နိုင်ငံက အဆိုပါစာချုပ်၏ မူဘောင် သဘောတူညီချက်တွင် ပါဝင်နေသည်။ ကုလအဖွဲ့ဝင်နိုင်ငံများအားလုံးသည် ISA တွင် ပါဝင်နိုင်သည်။ 

ကုလသမဂ္ဂအထွေထွေညီလာခံက ISA အား လေ့လာစောင့်ကြည့်သူအဆင့်သို့ ခွင့်ပြုပေးထားပြီ ဖြစ်သည်။ 

ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDCs) နှင့် ဖွံ့ဖြိုးနေသည့် ကျွန်းငယ်နိုင်ငံများ  (SIDS) အပေါ် သက်ရောက်မှုများကို အဓိကထား၍ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရန် ISA က အဖွဲ့ဝင်နိုင်ငံများကို ကူညီပေးသည်။ 

အဖွဲ့၏ အရေးကြီးသော လုပ်ဆောင်ချက်များအနက်တစ်ခုမှာ ‘နေတစ်စင်း၊ တစ်ကမ္ဘာ၊ ဓာတ်အားတစ်လိုင်း’ (OSOWOG) ဖြစ်ပြီး ကမ္ဘာ့နိုင်ငံများက ပူးပေါင်းဆောင်ရွက်ရေး၊ စဉ်ဆက်မပြတ် မျှဝေနိုင်သည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (အဓိကအားဖြင့် နေရောင်ခြည်) နှင့် ပတ်သက်၍ ကမ္ဘာ့ဂေဟနစ် တစ်ရပ် တည်ဆောက်ရေးဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required