တရုတ် လေယာဉ်၁၉စင်း ထိုင်ဝမ်ရေလက်ကြားအလယ်မျဉ်းကို ဖြတ်ကျော်ပျံသန်း

By CAN
12 September 2022
တရုတ် လေယာဉ်၁၉စင်း ထိုင်ဝမ်ရေလက်ကြားအလယ်မျဉ်းကို ဖြတ်ကျော်ပျံသန်း

ထိုင်ဝမ်အနီးတစ်ဝိုက်ရှိ ဧရိယာများတွင် တရုတ်စစ်လေယာဉ်၄၅စင်းနှင့် ရေတပ်သင်္ဘော၇စင်းကို စက်တင်ဘာ ၈ရက်က တွေ့ရှိခဲ့ပြီး ယင်းတို့အနက်မှတိုက်လေယာဉ်၁၈စင်းနှင့် ဒရုန်းတစ်စင်းသည် ထိုင်ဝမ်ရေလက်ကြား ၏အလယ်မျဉ်းကိုဖြတ်ကျော်ပျံသန်းခဲ့ကြောင်းထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန (MND) ကပြောကြားလိုက်သည်။ 
 
Sukhoi SU-30 ၁၂စင်း၊ Chengdu J-10 ၂စင်းနှင့် Shenyang J-16 တိုက်လေယာဉ်၄စင်းတို့သည် ထိုင်ဝမ်ရေလက်ကြား၏ အလယ်မျဉ်းကိုဖြတ်ကျော်ပျံသန်းခဲ့ကြောင်း MND အချက်အလက်များက ဖော်ပြခဲ့သည်။

SU-30s ၁၂စင်းသည်ထိုင်ဝမ်မြောက်ပိုင်းမှအလယ်မျဉ်းကိုဖြတ်သွားခဲ့ပြီး J-10 နှင့် J-16 များသည် ထိုင်ဝမ်အနောက်တောင်ပိုင်းမှပျံသန်းသွားခဲ့သည်။

စစ်လေယာဉ်၁၈စင်းနှင့်အတူTengden TB-001 မောင်းသူမဲ့လေယာဉ် (UAV) သည်လည်း အလယ်မျဉ်း၏ မြောက်ဘက်သို့တစ်ကိုယ်တော်ပျံသန်းခဲ့ပြီးစုစုပေါင်းစစ်လေယာဉ်အရေအတွက်၁၉စင်းအထိရှိခဲ့သည်။

ထိုအတောအတွင်း စစ်လေယာဉ်၆စင်းသည် ထိုင်ဝမ်လေကြောင်းရန် ကာကွယ်ရေး သတ်မှတ်ဇုန် (ADIZ) ၏ အနောက်တောင်ဘက်သို့ပျံသန်းခဲ့သည်။

ထိုင်ဝမ်၏ ADIZ အတွင်းသို့ဝင်ရောက်လာသောလေယာဉ်များတွင် Xi'an JH-7 ဗုံးကြဲလေယာဉ်၄စင်း၊ Shenyang J-11 တိုက်လေယာဉ်တစ်စင်းနှင့် Shaanxi Y-9 ဆက်သွယ်ရေးဖြတ်တောက်သည့် လေယာဉ်တစ်စင်းတို့ ပါဝင်သည်။

MND သည်အခြားလေယာဉ်များ၏ပျံသန်းမှုလမ်းကြောင်းများကိုထုတ်ပြန်ခြင်းမရှိပေ။

တရုတ်စစ်လေယာဉ်များကိုခြေရာခံရန်ဝေဟင်နှင့်ရေတပ်ကင်းလှည့်မှုများဖြန့်ကျက်ထားပြီးကာကွယ်ရေးဒုံးကျည်စနစ်တွေချထားကြောင်းဝန်ကြီးဌာနကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly