အိန္ဒိယနှင့်တရုတ်တပ်များ ဟိမဝန္တာအနောက်ဘက်ဒေသမှ ဆုတ်ခွာသွားပြီဖြစ်ကြောင်း အိန္ဒိယပြောကြား

By CNA
12 September 2022
အိန္ဒိယနှင့်တရုတ်တပ်များ ဟိမဝန္တာအနောက်ဘက်ဒေသမှ ဆုတ်ခွာသွားပြီဖြစ်ကြောင်း အိန္ဒိယပြောကြား

ပဋိပက္ခများကြောင့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးတင်းမာခဲ့ပြီး နှစ်နှစ်ကြာပြီးနောက် အိန္ဒိယနှင့် တရုတ်တပ်များသည်ဟိမဝန္တာအနောက်ဘက်ရှိဂိုဂရာရေပူစမ်းနယ်နိမိတ်မှဆုတ်ခွာသွားပြီဖြစ်ကြောင်းအိန္ဒိယအစိုးရက စက်တင်ဘာ၈ရက်ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

တရုတ်သမ္မတရှီကျင့်ဖျင်နှင့် အိန္ဒိယဝန်ကြီးချုပ်မိုဒီတို့ တက်ရောက်မည့် လာမည့်သီတင်းပတ်တွင် ဥဇဘက် ကစ္စတန်၌ပြုလုပ်မည့် အစည်းအဝေးမတိုင်မီ ယင်းထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

တပ်ဆုတ်ခွာရေးအတွက်ညှိနှိုင်းပြီး အစီအစဉ်အတိုင်းဆောင်ရွက်နေပြီး နယ်စပ်ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန် ရည်ရွယ်သည်ဟု အိန္ဒိယကပြောကြားခဲ့သည်။

"ရင်ဆိုင်ထိတွေ့မှုပြီးဆုံးသွားပါပြီ" ဟု အိန္ဒိယကာကွယ်ရေးသတင်းရင်းမြစ်တစ်ခုက နောက်ဆုံး သဘောတူညီချက်ကို ရည်ညွှန်း ပြောကြားခဲ့သော်လည်း အစစ်အမှန်ထိန်းချုပ်မျဉ်း(LAC) ဟု လူသိများသော နယ်စပ်ဒေသတွင် ထောင်နှင့်ချီသောစစ်သားများ ရှိနေဆဲဖြစ်သည်။ 

"တပ်တွေဆုတ်သွားပါပြီ။  ဒါဟာအေးဆေးတည်ငြိမ်တဲ့ LAC ဆီသွားတဲ့ပထမဆုံးခြေလှမ်းဖြစ်ပါတယ်" ဟု အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အိန္ဒိယနှင့်တရုတ်တို့သည်နယ်နိမိတ်မျဉ်းမရှိသောကီလိုမီတာ၃၈၀ဝရှိသောနယ်နိမိတ် ထိစပ်မှုရှိနေပြီး  တပ်ဖွဲ့များသည် ယခင်ကနယ်နိမိတ်တွင် လက်နက်များအသုံးပြုခြင်းမှ ရှောင်ကြဉ်ရန် ကာလကြာရှည် လိုက်နာကျင့်သုံးခဲ့သည့်စည်းမျဉ်းများကိုလိုက်နာခဲ့ကြသည်။

လာဒတ်ဒေသ၏ ဂယ်လ်ဝမ်ဧရိယာတွင် ၂၀၂ဝပြည့်နှစ်ဇွန်လမှစတင်၍ အိန္ဒိယနှင့်တရုတ်တပ်များ ထိတွေ့မှုများဖြစ်ပေါ်ခဲ့သဖြင့် နှစ်နိုင်ငံစလုံးမှအကြီးတန်းတပ်မှူးများ ၁၆ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required