ပြည်ပရောက် တရုတ်နိုင်ငံသား ၂၃၀ ၀၀၀ ကို ရာဇဝတ်မှုများရင်ဆိုင်ရန် အာဏာပိုင်များက ပြန်လည်ခေါ်ယူနိုင်ခဲ့

By Tibet Rights Collective
12 September 2022
ပြည်ပရောက် တရုတ်နိုင်ငံသား ၂၃၀ ၀၀၀ ကို ရာဇဝတ်မှုများရင်ဆိုင်ရန် အာဏာပိုင်များက ပြန်လည်ခေါ်ယူနိုင်ခဲ့

တရုတ်အာဏာပိုင်များသည်ပြည်ပတွင်ရောက်ရှိနေသော တရုတ်လူမျိုးများ၏ လိမ်လည်မှုနှင့် ဆက်သွယ်ရေး ဆိုင်ရာလိမ်လည်မှုပြဿနာများကို တိုက်ဖျက်ရန် နိုင်ငံတစ်ဝန်းလှုပ်ရှားမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် ၂၀၂၁ ခုနှစ် ဧပြီလမှ ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ တရုတ်နိုင်ငံတွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုခြင်းများကို ရင်ဆိုင်နိုင်ရေးအတွက် ပြန်လာရန် နိုင်ငံသား ၂၃၀၀၀၀ ကို ဖျောင်းဖျနိုင်ခဲ့ကြောင်း ပြောသည်။

၂၀၁၈ ခုနှစ်က အဖွဲ့အနည်းငယ်ဖြင့်စတင်ခဲ့သော အဆိုပါလှုပ်ရှားမှုသည် 110 Overseasခေါ် ပင်လယ်ရပ်ခြား တရုတ်ရဲဌာနများတည်ထောင်ခြင်းနှင့်အတူ ဖွံ့ဖြိုးတိုးတက်လာပြီး ယခုအခါ တိုက်ကြီး ၅ တိုက်ရှိ နိုင်ငံပေါင်း ဒါဇင်များစွာတွင် တွေ့မြင်နေရသည်။

တရုတ်အစိုးရက အချက်အလက်အသစ်များ ထုတ်ပြန်ပြီးနောက်တွင် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ Safeguard Defendersက အဆိုပါ စုံစမ်းစမ်းစစ်ဆေးမှုများကို စတင်ခဲ့ခြင်းဖြစ်ကာ တရုတ်နိုင်ငံ၏ ကြီးထွား လာနေသော နိုင်ငံဖြတ်ကျော် ဖိနှိပ်မှုများကို စောင့်ကြည့်မှုတစ်စိတ်တစ်ပိုင်းဖြစ်သည်။

တရုတ်သည် ပြည်ပတွင်နေထိုင်သော တရုတ်နိုင်ငံသားများ၏ လိမ်လည်မှုနှင့် ဆက်သွယ်ရေး ဆိုင်ရာ လိမ်လည်မှုများကို ရင်ဆိုင်နေရကာ ၂၀၂၁ ခုနှစ် ဧပြီမှ ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း သံသယရှိသူ ၂၃၀ ၀၀၀ ခန့်ကို တရုတ်သို့ပြန်လာရန် အောင်မြင်စွာ ဖြားယောင်းနိုင်ခဲ့သည်။

သံသယရှိသူများ၏ ကလေးများကို တရုတ်တွင် ပညာသင်ယူခွင့်ဆုံးရှုံးစေခြင်းနှင့် ဆွေမျိုးများနှင့် မိသားစုဝင် များကို အပြစ်ရှိသူနှင့်ပူးပေါင်းစည်းခြင်းအတွက် အရေးယူခြင်းနည်းလမ်းများကို အသုံးပြုကြောင်း တရားဝင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်ဆင်ရေးများသည် တရားဝင် နှစ်နိုင်ငံရဲတပ်ဖွဲ့နှင့် တရားစီရင်ရေးပူးပေါင်းဆောင်ရွက်မှုကို ရှောင်ရှား ကာ  နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးကို ချိုးဖောက်ခြင်း ဖြစ်ပြီး တရားမဝင်နည်းလမ်းများကို အသုံးပြု၍ စဉ်ပြိုင် ထိန်းသိမ်းကြပ်မတ်ရေးယန္တရား ထူထောင်ရာတွင် ပါဝင်သည့် တတိယနိုင်ငံများ၏ ပိုင်နက်နယ်မြေ ဂုဏ်သိက္ခာကိုလည်း ချိုးဖောက်ရာရောက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly