အကြမ်းဖက်မှုနှင့် ခြိမ်းခြောက်မှု အန္တရာယ်များအကြား ပါကစ္စတန် အမျိုးသမီးဂျာနယ်လစ်များ တန်းတူညီမျှမှုအတွက် တိုက်ပွဲဝင်နေရ

By Zee5
14 September 2022
အကြမ်းဖက်မှုနှင့် ခြိမ်းခြောက်မှု အန္တရာယ်များအကြား ပါကစ္စတန် အမျိုးသမီးဂျာနယ်လစ်များ တန်းတူညီမျှမှုအတွက် တိုက်ပွဲဝင်နေရ

အမျိုးသားနှင့် အမျိုးသမီးများအကြား လုပ်ခလစာ ကွာဟမှု၊ ခွဲခြားဘက်လိုက်မှုနှင့် အမျိုးသမီးဝန်ထမ်းများအပေါ် မမျှမတ ဆက်ဆံမှုတို့က ပါကစ္စတန်တွင် အဖြစ်များနေသည့် ကိစ္စရပ်များဖြစ်နေပြီး အဆိုပါ တောင်အာရှနိုင်ငံတွင် ဂျာနယ်လစ်များအဖြစ် လုပ်ကိုင်နေကြသည့် အမျိုးသမီးများ၏ အခြေအနေနှင့် ပတ်သက်ပြီး နိုင်ငံတကာက သိရှိနေခဲ့ပြီးဖြစ်သည်။

လွတ်လပ်စွာ ထုတ်ဖော်ရေးသားပြောဆိုခွင့်နှင့် ပတ်သက်ပြီး အဆင့်သတ်မှတ်သည့် အညွှန်းကိန်းများတွင် ပါကစ္စတန်သည် နိမ့်ကျသည့် အဆင့်နေရာတွင် အမြဲ ရပ်တည်ထားခဲ့သလို အွန်လိုင်းပေါ် ရေးသားမှုများနှင့် ပတ်သက်၍လည်း အလားတူ အခြေအနေအတိုင်းပင် ရှိနေသည်။

အထူးသဖြင့် အဆိုပါနိုင်ငံတွင် အမျိုးသမီးများ သည် နှောင့်ယှက်ဒုက္ခပေးခံရမှုနှင့် စော်ကားနှိပ်စက်ခံရမှုတို့၏ အဆိုးဆုံးအခြေအနေကို ရင်ဆိုင်နေရသည်။ ယင်းနိုင်ငံတွင် အမျိုးသားကြီးစိုးသော တင်းကျပ်သည့် လူမှုစံ သတ်မှတ်ချက်များကြောင့် အမျိုးသမီးဂျာနယ်လစ်များသည် အကြမ်းဖက်မှုနှင့် ခြိမ်းခြောက်မှုများ၏ အန္တရာယ် နှင့် ပို၍ပင် ရင်ဆိုင်နေရသည်။

ပါကစ္စတန်တွင် အမျိုးသမီးများသည် သတင်းမီဒီယာတွင် မုချလိုအပ်သည့် အခန်းကဏ္ဍတွင် ရှိနေကြောင်း Daily Times သတင်းစာအတွက် ရေးသားနေသည့် ပါကစ္စတန်ဂျာနယ်လစ်တစ်ဦးက ပြောသည်။ အမျိုးသမီးများ သတင်းရေးသားရာတွင် သိမ်မွေ့နူးညံ့မှု ရှိပြီး ရသခံစားတတ်ခြင်းနှင့် အမှန်တရားကို ထုတ်ဖော်သည့် အပြုအမူတို့က အမျိုးသမီးများ၏ တိုးတက်မှု လက္ခဏာတစ်ရပ် ဖြစ်သည်။

ထိုကဲ့သို့ အလွန်အရေးပါသည့် အပြောင်းအလဲ ရှိသော်လည်း ရုပ်သံ ဖန်သားပြင်ပေါ်နှင့် နောက်ကွယ်တွင် ၎င်းတို့ မည်သို့မည်ပုံ ရေးသားတင်ဆက်မလဲနှင့် ၎င်းတို့ မည်သို့မည်ပုံ ကိုယ်စားပြုသလဲဆိုသည်ကို တာဝန်ယူနေရသည့် အမျိုးသမီးများအနေဖြင့် ကိုယ်ပိုင်စိန်ခေါ်မှုများနှင့် တွေ့ကြုံရင်ဆိုင်ခဲ့ရသည်။

အမျိုးသမီး သတင်းထောက်များ၊ အမျိုးသမီးဂျာနယ်လစ်များအဖြစ် တာဝန်ပေးအပ်ခံရစဉ် အားကောင်းသည့် အမျိုးသမီးများအပေါ် ခွဲခြားဘက်လိုက်ဆက်ဆံမှုတို့က ပုံမှန်လိုလို ရှိနေခဲ့ပြီး အမျိုးသမီး သတင်းသမားများသည် “သဘာဝဗီဇ၊ ရာသီဥတု၊ ကျန်းမာရေး” ကဲ့သို့ ပင်ဂိုသဘာဝအားဖြင့် “ပျော့နွဲ့သည်” ဟု ရှုမြင်ခံရသလို ၎င်းတို့ သည် နိုင်ငံရေး၊ အားကစား၊ မှုခင်းနှင့် စီးပွားရေး အကြောင်းအရာများကို ရေးသားရန် ကျွမ်းကျင်မည် မဟုတ်ဟု လည်း လက်ရှိအချိန်အထိ ရှုမြင်ခံနေရဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly