ထိုင်ဝမ်တံဆိပ်ကပ်ထားသော သင်္ဘောပို့ကုန်များကို တရုတ်အကောက်ခွန်က တားမြစ်

ထိုင်ဝမ်တံဆိပ်ကပ်ထားသော သင်္ဘောပို့ကုန်များကို တရုတ်အကောက်ခွန်က တားမြစ်

ထိုင်ဝမ်မှ ပို့ကုန်တစ်မျိုး၏ ပို့ကုန်ကြေညာလွှာဆိုင်ရာစာရွက်စာတမ်းများတွင် ‘ထိုင်ဝမ်/တရုတ်’ ဟု စာရင်းသွင်းဖော်ပြထားခြင်းမရှိသောကြောင့် တရုတ်အကောက်ခွန်၌ ၁၈ ရက်ကြာ သောင်တင်နေကြောင်း ထိုင်ဝမ်မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ပို့ကုန်ကြေညာလွှာများတွင် ပို့ကုန်များအား ထိုင်ဝမ်/တရုတ်မှ လာကြောင်း ဖော်ပြရန် တရုတ်အကောက်ခွန် အရာရှိများ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကို သတိပေးပြီးနောက် ထိုသူသည် ဩဂုတ် ၅ ရက်က ထိုင်ဝမ်အကောက်ခွန် ဌာနသို့ ဆက်သွယ်ခဲ့သည်။

နှစ်နိုင်ငံအကြား ဆွေးနွေးပြီးနောက် တရုတ်ကောက်ခွန်က အဆိုပါကုန်စည်အား ဩဂုတ် ၂၃ ရက်က အတည်ပြုပေးခဲ့ကြောင်း တာဝန်ရှိသူက ပြောသည်။

 ဩဂုတ်လ အစောပိုင်းမှစ၍ ပို့ကုန်လုပ်ငန်းရှင် ၆ ဦးသည် အလားတူ ကုန်စည်ရင်းမြစ်ပြဿနာနှင့်စပ်လျဉ်း၍ တရုတ်၏ ပိတ်ဆို့မှုခံထားရသော ကုန်စည်များအတွက် ကူညီရန် ထိုင်ဝမ်အကောက်ခွန်ဌာနသို့ ဆက်သွယ်ခဲ့ကြ သည်။

တရုတ်သည် ထိုင်ဝမ်မှ ပို့ကုန်များကို ကြေညာလွှာစာတမ်းတွင် “ထိုင်ဝမ်/တရုတ်’ သို့မဟုတ် ‘တရုတ် တိုင်ပေ’ ဟု စာရင်းသွင်းဖော်ပြရန် ၂၀၁၅ ခုနှစ်မှစ၍ စည်းကမ်းတင်းကြပ်ခဲ့ပြီး ထုတ်ပိုးမှုတံဆိပ်များနှင့် ပတ်သက်သော ပြဿနာမှာ ဩဂုတ်လ ၂ ရက်မှ ၃ ရက်အထိ ထိုင်ဝမ်သို့လာရောက်ခဲ့သော အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ၏ခရီးစဉ်ကို တုံ့ပြန်သည့်အနေဖြင့် လုပ်ဆောင်သော ဒဏ်ခတ်မှုများထဲမှ တစ်ခုဖြစ်သည်။

အကောက်ခွန်ကြေညာချက်ဆိုင်ရာ ထိုင်ဝမ်စည်းမျဉ်းသည် ကုန်ပစ္စည်းများအား ‘ထိုင်ဝမ်/တရုတ်’ ဟု စာရင်း သွင်းခြင်းကို တားမြစ်ထားသောကြောင့် တရုတ်၏ တင်းကျပ်သော စည်းမျဉ်းပြောင်းလဲမှုသည် ထိုင်ဝမ်စီးပွားရေး လုပ်ငန်းအတွက် အခက်အခဲဖြစ်စေနိုင်ကြောင်း ရေနံဓာတုလုပ်ငန်းရှင်တစ်ဦးက ဩဂုတ်လက CNAသို့ ပြောကြား ခဲ့သည်။

ထိုင်ဝမ်အာဏာပိုင်များက အခြေအနကို စောင့်ကြည့်ပြီး ပြဿနာဖြေရှင်းရန် စီးပွားရေးလုပ်ငန်းရှင်များအား ကူညီသွားမည်ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required