ကိုဗစ်ရောဂါဖြစ်ပွားမှု၊လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများကြောင့်တရုတ်ကုန်ထုတ်လုပ်ရေးကဏ္ဍများပြင်းထန်စွာထိခိုက်

ကိုဗစ်ရောဂါဖြစ်ပွားမှု၊လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများကြောင့်တရုတ်ကုန်ထုတ်လုပ်ရေးကဏ္ဍများပြင်းထန်စွာထိခိုက်

ကိုရိုနာဗိုင်းရပ်ကူးစက်မှုဆက်လက်ဖြစ်ပွားနေခြင်းနှင့်စံချိန်တင်အပူလှိုင်းကြောင့်လျှပ်စစ်ဓာတ်အားပြတ်တောက်မှုပြီးထုတ်လုပ်မှုကဏ္ဍမှာတိုးတက်မှုမရှိဘဲအလားအလာဆိုးရွားနေဆဲဖြစ်သည်။

အမျိုးသားစာရင်းအင်းဗျူရို (NBS) ၏သြဂုတ်၃၁ရက်တရားဝင်ထုတ်လုပ်မှုဝယ်လိုအားမန်နေဂျာများအညွှန်းကိန်း (PMI) သည်ဇူလိုင်လတွင်၄၉မှတ်မှ၄၉ဒသမ၄မှတ်သို့တက်လာသော်လည်းဒုတိယလဆက်တိုက်အဖြစ်တိုးတက်မှုနှုန်းသည်အမှတ်၅၀အောက်၌ရှိနေပြီးယင်းအမှတ်သည်လစဉ်စီးပွားအတက်အကျကိုခွဲခြားသည့်အမှတ်ဖြစ်သည်။

ထုတ်လုပ်မှုကဏ္ဍမဟုတ်သည့်တရားဝင် PMI တွင်ဆောက်လုပ်ရေးလုပ်ငန်းအညွန်းကိန်းခွဲသည်ဇူလိုင်လတွင်၅၉ဒသမ၂မှ၅၆သမ၅မှတ်သို့ကျဆင်းသွားပြီးဝန်ဆောင်မှုအညွှန်းကိန်းခွဲသည်၅၂ဒသမ၈မှ၅၁ဒသမ၉မှတ်သို့ကျဆင်းသွားခဲ့သည်။

တရုတ်၏တင်းကျပ်သောကိုရိုနာဗိုင်းရပ်ထိန်းချုပ်မှု၊အိမ်ခြံမြေကဏ္ဍအပေါ်ဖိအားများနှင့်စီချွမ်ပြည်နယ်တွင်လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတို့ကြောင့်တရုတ်စီးပွားရေးသည်နှေးကွေးနေသည်။

ထို့ပြင်၊၂၀၂၂ခုနှစ်အစောပိုင်းတွင်တရုတ်တိုးတက်မှုခန့်မှန်းချက်များကို Standard Chartered၊ Goldman Sachs နှင့် Natixis တို့ကလျှော့ချခဲ့သည်။

ယခုအခါဓာတ်အားပြတ်တောက်မှုလျော့ပါးလာသော်လည်းကိုရိုနာဗိုင်းရပ်အခြေအနေသည်ပိုမိုဆိုးရွားနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required