တရုတ်က ကျောက်မီးသွေးတွင်း ၁,၀၀၀ကျော်ကို ပိတ်ပစ်မည်

တရုတ်က ကျောက်မီးသွေးတွင်း ၁,၀၀၀ကျော်ကို ပိတ်ပစ်မည်

ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ။             ။ စွမ်းအင်ကဏ္ဍတွင် တဖြည်းဖြည်းဈေးနှုန်းလျော့လာသော ကျောက်မီးသွေး ရောင်းလိုအားကို ကိုယ်တွယ်နိုင်ရေးအတွက် ကျောက်မီးသွေး ထုတ်လုပ်နိုင်စွမ်း စုစုပေါင်း တန် သန်း ၆၀ရှိသော ကျောက်မီးသွေးတွင်း ၁,၀၀၀ကျော်ကို ယခုနှစ်အတွင်း ပိတ်ပစ်ရန် တရုတ်က စီစဉ်နေသည်ဟု နိုင်ငံ၏ စွမ်းအင်ထိန်းသိမ်းရေးအဖွဲ့က ပြောသည်။

ယင်းသို့ ကျောက်မီးသွေးတွင်းများ ပိတ်ပစ်ခြင်းမှာ လာမည့်သုံးနှစ်ကနေ ငါးနှစ်အတွင်း ကျောက်မီးသွေးအပို ထုတ်လုပ်နိုင်မှု သန်း ၅၀၀ကို ပိတ်ဆို့ရန် ယခုလအစောပိုင်းက ထုတ်ပြန်ခဲ့သော စီမံကိန်း၏ အစိတ်အပိုင်းဖြစ်ကြောင်း အမျိုးသားစွမ်းအင်အုပ်ချုပ်ရေးအဖွဲ့က ပြောကြားခဲ့သည်။

တရုတ်သည် အသစ်တည်ဆောက်မှုများ ထိန်းချုပ်ခြင်းဖြင့် အပူစွမ်းအင်ကဏ္ဍတွင် ထုတ်လုပ်နိုင်စွမ်းကျော်လွန်နေမှုကို ကိုင်တွယ်ရန် ရည်ရွယ်နေသည်ဟု ယင်းအဖွဲ့အကြီးအကဲ နူအာဘက္ကရီက ပြော သည်။

စွမ်းအင်ဈေးကွက် ပြုပြင်ပြောင်းလဲမှုများ၏ အစိတ်အပိုင်းအဖြစ် တရုတ်သည် စွမ်းအင်ရောင်းချသူများကို ဝယ်ယူသူများနှင့် တိုက်ရိုက်စွမ်းအင်ရောင်းချမှုသဘောတူညီချက်များကို ခွင့်ပြုပေးမည့် အစီအစဉ်တစ်ခုကို အဆင့်မြင့်တင်မည်ဖြစ်သည်။

ထို့အပြင် ယခုနှစ်တွင် လျပ်စစ်စွမ်းအင်ဈေးနှုန်းများ လျှော့ချရေးလည်း လုပ်ဆောင်မည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly