တရုတ်က အကြံပေးပညာရှင်အဖွဲ့ သံခင်းတမန်ခင်းဖြင့် အင်ဒိုနီးရှားတွင် အသိအမှတ်ပြုခံရမှု မြှင့်တင်ရန် ကြိုးပမ်းနေ

By ANI
10 September 2022
တရုတ်က အကြံပေးပညာရှင်အဖွဲ့ သံခင်းတမန်ခင်းဖြင့် အင်ဒိုနီးရှားတွင် အသိအမှတ်ပြုခံရမှု မြှင့်တင်ရန် ကြိုးပမ်းနေ

အင်ဒိုနီးရှားတွင် ပုံရိပ်ကို မြှင့်တင်ရန် အင်ဒိုနီးရှားနှင့်သုတေသနအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုများသည် တရုတ်၏ "ပါဝါအပျော့" မဟာဗျူဟာ၏ ထင်ရှားသော အစိတ်အပိုင်း တစ်ခု ဖြစ်သည်။

အင်ဒိုနီရှားအစ္စလာမ်တက္ကသိုလ်မှ ကထိက မိုဟာမက်ရက်မက်က The Diplomat ၌ ရေးသားရာတွင် တရုတ်နည်းဗျူဟာသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တွင် ယင်း၏ နိုင်ငံရေးနှင့် စီးပွားရေး နိုင်ငံခြားရေးမူဝါဒအတွက် အထူးအရေးကြီးကြောင်း ဖော်ပြခဲ့သည်။

တောင်တရုတ်ပင်လယ်တွင် ရန်လိုပြောဆိုမှု၊ တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းဒေသရှိ ဝီဂါများနှင့် ပတ်သက် သည့် မူဝါဒနှင့် အင်ဒိုနီးရှားတွင် များပြားလာနေသော စီးပွားရေးလုပ်ဆောင်မှုများကြောင့် အင်ဒိုနီးရှားနိုင်ငံသားများအကြား တရုတ်အပေါ် အဆိုးမြင်အမြင်များ တိုးပွားလာနေကြောင်း သတိပြုရန် အရေးကြီးလှသည်။

တရုတ်သည် အရှေ့တောင်အာရှပညာရှင်အဖွဲ့ ၁၀ ဖွဲ့ပါဝင်သည့် ယင်း၏ ကွန်ရက် အာဆီယမ်-တရုတ်ပညာ ရှင်အဖွဲ့များ (NACT) မှတစ်ဆင့် အင်ဒိုနီးရှား တတ်သိပညာရှင်များနှင့် အဓိက ထိတွေ့ဆက်ဆံနေသည်။

NACT ကို တရုတ်-အာဆီယံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၏ 'စိန်ရတု' ကာလတွင် ပညာရှင်များ ၏ လုပ်ဆောင်ချက်များကို ပံ့ပိုးကူညီရန် ရည်ရွယ်ချက်ဖြင့် တရုတ်ဝန်ကြီးချုပ် လီခါ့ချင်က ၂၀၁၃ခုနှစ်တွင် ပထမဆုံး စတင်ခဲ့သည်။

တရုတ်က ရန်ပုံငွေထောက်ပံ့ထားသည့် စီမံကိန်းများ၏ တိုးတက်မှုကို ဆွေးနွေးရန်နှင့် ပူးပေါင်း ဆောင်ရွက် နိုင်မည့် အနာဂတ်အခွင့်အလမ်းများကို ရှာဖွေဖော်ထုတ်ရန် NACT သည် အာဆီယံနိုင်ငံများရှိ ယင်း၏အဖွဲ့ဝင် တတ်သိပညာရှင်များနှင့် ပုံမှန်အစည်းအဝေးများနှင့် ဆွေးနွေး ပွဲများပြုလုပ်လေ့ရှိသည်။

အာဆီယံ-တရုတ်ဆက်ဆံရေး၊ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနှင့် တောင်တရုတ်ပင်လယ်အငြင်းပွားမှုစသည့် ကိစ္စရပ်များဆိုင်ရာ တရုတ်အစိုးရ၏ တရားဝင်ဇာတ်ကြောင်းများကို တွန်းအားပေးရန် တရုတ်အစိုးရက အဆိုပါ တတ်သိပညာရှင်များနှင့် အခြားပညာရှင်များကို တရုတ်တွင် အစည်းအဝေးများ တက်ရောက်ရန် မကြာခဏ ဖိတ်ကြားလေ့ရှိကြောင်း ရက်မက်က ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်သည် အင်ဒိုနီးရှားနိုင်ငံခြားရေးမူဝါဒအသိုက်အဝန်း (FPCI) နှင့်လည်း ပူးပေါင်းဆောင်ရွက် လျက်ရှိပြီး ဂျကာတာမြို့ရှိ တရုတ်သံရုံးနှင့် ပူးပေါင်းကာ တရုတ်နှင့်ပတ်သက်သော အမျိုးမျိုးသော ပွဲလမ်း သဘင်များ ကျင်းပပေးခဲ့သေးသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required