မြောက်ကိုရီးယား၏ ငြိမ်းချမ်းရေးသဘောတူညီမှု အဆိုပြုချက် အမေရိကန်ပယ်ချ

မြောက်ကိုရီးယား၏ ငြိမ်းချမ်းရေးသဘောတူညီမှု အဆိုပြုချက် အမေရိကန်ပယ်ချ

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၂ ။             ။ ကိုရီးယားကျွန်းဆွယ်အတွက် ငြိမ်းချမ်းရေးစာချုပ် ကိစ္စဆွေးနွေးရန် မြောက်ကိုရီးယား၏ အဆိုပြုချက်တစ်ခုကို လက်ခံရရှိခဲ့သော်လည်း နျူကလီးယား လက်နက်လျှော့ချရေးစဉ်းစားရန် ငြင်းဆိုချိန်တွင် ပယ်ချခဲ့သည်ဟု အမေရိကန်က ဖေဖော်ဝါရီ ၂၁ တွင်ပြောသည်။

ယခုနှစ်အစောပိုင်းက မြောက်ကိုရီးယားသည် ၎င်း၏နောက်ဆုံးနျူကလီးယားစမ်းသပ်မှု မပြုလုပ်မီ ရက်ပိုင်းအလိုက သမ္မတဘားရက်အိုဘားမား၏ အစိုးရအဖွဲ့သည် ၁၉၅၀မှ ၁၉၅၃အထိ ဖြစ်ပွားခဲ့သော ကိုရီးယားစစ်ပွဲကို တရားဝင်ပြီးဆုံးရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်ရန် လျှို့ဝှက်သဘောတူခဲ့သည်ဟု ဝေါလ်စထရိဂျာနယ်က အစီရင်ခံမှုနှင့် ပတ်သက်၍ မေးမြန်းချိန်တွင် နိုင်ငံခြားရေးဋ္ဌာန ပြောခွင့် ရအမျိုးသား ဂျွန်ကာဘီက ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၆က မြောက်ကိုရီးယား၏ နျူစမ်းသပ်မှုကြောင့် နှစ်နိုင်ငံကြား တရားဝင်ဆက်ဆံရေးမရှိသော်လည်း အလွတ်သဘောဆက်ဆံမှုများမှာ အဆုံးသတ်သွားသည်ဟု ဂျာနယ်က ဖော်ပြခဲ့သည်။

"ရှင်းရှင်းပြောရရင် ငြိမ်းချမ်းရေးစာချုပ်ဆွေးနွေးဖို့ကိစ္စဆွေးနွေးဖို့ အဆိုပြုခဲ့တာ မြောက်ကိုရီးယားတွေပါ"ဟု ဂျော်ဒန်နိုင်ငံ အမ္မန်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် အတူခရီးသွာနေသည့် သတင်းထောက်များကို ကယ်ရီက ပြောကြားခဲ့သည်။

"သူတို့ရဲ့အဆိုပြုချက်ကို ကျွန်တော်တို့ ဂရုတစိုက်စဉ်းစားခဲ့ပြီး နျူကင်းမဲ့အောင်ပြုလုပ်ခြင်းက ဆွေးနွေးပွဲရဲ့ အစိတ်အပိုင်းဖြစ်ရမည်ဆိုပြီး ရှင်းလင်းခဲ့ပါတယ်။ မြောက်ကိုရီးယားက ကျွန်တော်တို့ရဲ့တုံ့ပြန် မှုကို ပယ်ချတယ်။ မြောက်ကိုရီးယားရဲ့အဆိုပြုချက်ကို ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုဟာ ကြာရှည်ရပ်တည်နေတဲ့ နျူကင်းမဲ့အောင်ပြုလုပ်ရေး ပေါ်လစီနဲ့ ကိုက်ညီပါတယ်"ဟု ၎င်းကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly