တရုတ်အပေါ် စိုးရိမ်မှုများ မြင့်တက်လာချိန်တွင် အိန္ဒိယက လေယာဉ်တင်သင်္ဘောသစ် ရေချ

By Aljazeera
06 September 2022
တရုတ်အပေါ် စိုးရိမ်မှုများ မြင့်တက်လာချိန်တွင် အိန္ဒိယက လေယာဉ်တင်သင်္ဘောသစ် ရေချ

တရုတ်၏ ကြီးထွားများပြားလာနေသော စစ်သင်္ဘောများကို တန်ပြန်ရန်နှင့် အိန္ဒိယ၏ ပြည်တွင်းဖြစ် သင်္ဘော တည်ဆောက်မှု စွမ်းရည်များကို တိုးချဲရန် ကြိုးပမ်းနေစဉ် အိန္ဒိယက ယင်း၏ ပထမဆုံး ပြည်တွင်း ဖြစ် လေယာဉ်တင်သင်္ဘောကို ရေချပွဲအခမ်းအနားပြုလုပ်လိုက်သည်။

“အားကြီးခြင်း” သို့မဟုတ် “ရဲရင့်ခြင်း” ဟု သက္ကတဘာသာစကားဖြင့် INS Vikrant အမည်ရသည့် သင်္ဘော သည် အိန္ဒိယ၏ ဒုတိယအကြီးဆုံး စစ်ဆင်ရေးလေယာဉ်တင်သင်္ဘောဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလား ပင်လယ်အော်ကို ကာကွယ်ရန် ၂၀ဝ၄ ခုနှစ်တွင် ရုရှားထံမှ ဝယ်ယူခဲ့သော ဆိုဗီယက်ခေတ် INS Vikramaditya နှင့် ပူးပေါင်းခဲ့သည်။ 

အိန္ဒိယရေတပ်က ဒီဇိုင်းထုတ်ကာ အိန္ဒိယတောင်ပိုင်း ကိုချင်သင်္ဘောကျင်းတွင် တည်ဆောက်ထားသည့် ၂၆၂ မီတာ (ပေ ၈၆၀) ရှည်လျားသည့် INS Vikrant အသစ်ကို ဗြိတိန်မှ လွတ်လပ်ရေးရယူခဲ့သည့် ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဝန်ကြီးချုပ် မိုဒီက သြဂုတ်လ ၉ရက်တွင် ရေချပေးခဲ့သည်။

အိန္ဒိယ၏ ရေတပ်စွမ်းရည်ကို ပေါင်းထည့်ရုံသာမက၊ ယခုအခါ အိန္ဒိယသည် ပြည်တွင်းတွင် လေယာဉ်တင် သင်္ဘော ထုတ်လုပ်ရေး အစီအစဉ်ဖြင့် ထုတ်လုပ်နိုင်သည့် လက်တစ်ဆုပ်စာ ထိပ်တန်းနိုင်ငံများတွင် ပါဝင် နေခြင်းကြောင့် အိန္ဒိယ၏ အရေးပါမှုကို မိုဒီက အလေးပေးပြောကြားခဲ့သည်။

ဒါနေ့က သမိုင်းဝင်နေ့တစ်နေ့ဖြစ်ပြီး အထင်ကရ အောင်မြင်မှုတစ်ခုပါ” ဟု မိုဒီက ပြောကြားခဲ့သည်။ “အိန္ဒိယ ရဲ့ ကာကွယ်ရေးကဏ္ဍကို ကိုယ့်ကိုယ်ကိုယ် အားကိုးနိုင်ရေးအတွက် အစိုးရရဲ့ တွန်းအားပေးမှုရဲ့ ဥပမာတစ်ခုပါပဲ”
 
အဆိုပါ သင်္ဘောသည် အိန္ဒိယတွင် တည်ဆောက်သည့် အကြီးဆုံး စစ်သင်္ဘောဖြစ်ပြီး အမှုထမ်း ၁၆၀ဝ ခန့် တင်ဆောင်နိုင်ပြီး တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များ အပါအဝင် လေယာဉ် အစင်း ၃၀ ကို သယ်ဆောင် နိုင်သည်ဟု ရေတပ်က ဆိုသည်။

INS Vikramaditya တွင် အသုံးပြုနေသည့် ရုရှားထုတ် MIG-29K တိုက်လေယာဉ်များအား Vikrant သည် ကနဦးတွင် အားထားရဦးမည်ဖြစ်သည်။

တန်ချိန် ၄၇၄၀ဝ ရှိသော စစ်သင်္ဘောသည် MiG-29K လေယာဉ်ဖြင့် ပထမဆုံး ဆင်းသက်စမ်းသပ်မှုများ ပြုလုပ်ပြီးနောက် ၂၀၂၃ခုနှစ် နှစ်ကုန်ပိုင်းတွင်မှ အပြည့်အဝ လည်ပတ်နိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required