တရုတ်ကွန်မြူနစ်ပါတီ၏ အရေးကြီး အစည်းအဝေးကို အောက်တိုဘာ ၁၆ ရက်တွင် ကျင်းပမည်

By NY Post
06 September 2022
တရုတ်ကွန်မြူနစ်ပါတီ၏ အရေးကြီး အစည်းအဝေးကို အောက်တိုဘာ ၁၆ ရက်တွင် ကျင်းပမည်

တရုတ်ခေါင်းဆောင်ရှီကျင့်ဖျင်က တတိယအကြိမ်မြောက် ၅ နှစ်သက်တမ်းဆက်လက်ရယူနိုင်ဖွယ်ရှိသည့် အာဏာရ ကွန်မြူနစ်ပါတီ၏ အရေးပါသည့် ညီလာခံကို အောက်တိုဘာ ၁၆ ရက်တွင် စတင်ကျင်းပမည်ဟု တရုတ်အစိုး ရက ပြောကြားလိုက်သည်။

ယင်းကဲ့သို့သော ကွန်ဂရက်များကို ၅နှစ် တစ်ကြိမ်ကျင်းပလေ့ရှိပြီး ကျင်းပပြီးပါက အထူးသဖြင့် ပါတီ၏ အင်အားအကြီးဆုံးဖြစ်သည့် အဖွဲ့ဝင် ၇ ဦးပါ ပေါ်လစ်ဗျူရိုအမြဲတမ်းကော်မတီတွင် ခေါင်းဆောင်အသစ်များ ကို ရွေးချယ်တင်မြှောက်သည်။

နိုင်ငံ့ခေါင်းဆောင်နှင့် သြဇာကြီးမားသော စစ်ဘက်အကြီးအကဲလည်းဖြစ်သည့် ရှီသည် ပါတီဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ခြင်းဖြင့် ၂၀၁၈ ခုနှစ်တွင် ညီလာခံတွင် သမ္မတရာထူးသက်တမ်း ကန့်သတ်ချက်အားလုံးကို ဖယ်ရှားခြင်းအားဖြင့် တစ်သက်တာ ခေါင်းဆောင်ဖြစ်လာခဲ့သည်။

ယခင်သမ္မတ၂ ဦးစလုံးသည် ၅နှစ်သက်တမ်းကို နှစ်ကြိမ်ထမ်းဆောင်ခဲ့သော်လည်း ယခင်က ဝန်ကြီးချုပ်နှင့် တခြားလူများကို တာဝန်ပေးထားသည့် စီးပွားရေးနှင့် အခြားနယ်ပယ်များကို ချုပ်ကိုင်ထားသည့် ရှီသည် အာဏာလက်လွှတ်မည့်လက္ခဏာမပြခဲ့ပေ။

ပါတီသည် နိုင်ငံရေး အတိုက်အခံများကို ဖိနှိပ်ပြီး စီးပွားရေး၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ဘာသာရေး အသိုင်းအဝိုင်းများမှ လွတ်လပ်စွာ လုပ်ကိုင်နေသူများကို ပိုမို နှိမ်နင်းလျက်ရှိသည်။

ဒီမိုကရေစီစနစ်ဖြင့် ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်နှင့် ပတ်သက်၍ အမေရိကန်နှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်လာနိုင်သဖြင့် စိုးရိမ်မှုများ တိုးမြင့်လာစေသည့် ပိုမိုရန်လိုသည့် နိုင်ငံခြားရေးမူဝါဒကိုလည်း ရှီက ကိုင်ဆွဲထား သည်။

ရှီ၏ အာဏာကို စုစည်းထိန်းချုပ်ထားခြင်းကြောင့် ယခင်အာဏာရှင်ဟောင်း မော်စီတုံးနှင့် နှိုင်းယုဉ်ခံရကာ အခြေခံ ဥပဒေတွင် ၎င်းရေးသားထားသော နိုင်ငံရေးသီအိုရီများနှင့် အခြားသော လက်ရှိတရုတ်ထိပ်တန်း အရာရှိများအား လုံးကို ကျော်လွန်၍ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုကို ပျိုးထောင်ထားသည်။

ပါတီပေါ်လစ်ဗျူရိုအစည်းအဝေးတွင် ကွန်ဂရက်ကျင်းပမည့်ရက်ကို သြဂုတ်လ ၃၀ရက်တွင် ထုတ်ပြန်ကြေညာ ခဲ့ကြောင်း ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly