တရုတ်ကုမ္ပဏီများအခွန်ရှောင်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြီးအကျယ်ဆုံးရှုံးမှုများ ကြုံတွေ့နေရ

တရုတ်ကုမ္ပဏီများအခွန်ရှောင်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြီးအကျယ်ဆုံးရှုံးမှုများ ကြုံတွေ့နေရ

တရုတ်ကုမ္ပဏီများသည်  လုပ်ငန်းလည်ပတ်ရာ တောင်အာရှနိုင်ငံအများအပြားတွင် ကြီးမားသည့်ဆုံး ရှုံးမှုကိုဖြစ်စေသော မသမာမှုများတွင် ပတ်သက်လေ့ရှိသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တရုတ်ကုမ္ပဏီများ၏ ကျင့်ဝတ်နှင့်သွေဖည်သော လုပ်ရပ်များကြောင့် ဒုက္ခရောက် နေပုံရသည်။ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် ဒါကာရှိ  ပေကျင်းအခြေစိုက် ကုမ္ပဏီ သို့မဟုတ် ၎င်းတို့၏ လုပ်ငန်းခွဲများ၏ အခွန်ရှောင်မှု အများအပြားကို တွေ့ရှိခဲ့ကြောင်း Bangladesh live news က ဖော်ပြသည်။

Ningbo Conda Art Supplies Group Co Ltd. (China) ၏ လုပ်ငန်းခွဲဖြစ်သော တရုတ်ကုမ္ပဏီ 'Conda Art Materials Bangladesh Co. Limited' သည် တရုတ်နိုင်ငံမှ 'Made in Bangladesh' တံဆိပ်တပ်ထားသော ကုန်ပစ္စည်းများကို တင်သွင်းပြီး အခွန်အမြောက်အမြား ရှောင်တိမ်းခဲ့သည်။
ကုန်စည်ပေးပို့မှုပေါင်း ၂၀၀ ခန့်တွင် အခွန်ရှောင်တန်ဖိုး ရူပီး ၂၈ ကုဋေထက်မနည်း ရှိသည်ဟု ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက  သံသယရှိနေသည်။

ကုန်ကြမ်းများကိုသာ တင်သွင်းနိုင်သည်ဟု ပြဋ္ဌာန်းထားသည့် EPZ (Export Processing Zone) မူဝါဒကို ကုမ္ပဏီက ချိုးဖောက်နေသည်ဟု ထပ်မံစုံစမ်းသိရှိရကြောင်း အာဏာပိုင်များက ပြောသည်။ သို့သော် ကုမ္ပဏီသည် ကုန်ကြမ်းများအစား ကုန်ချောများကို တင်သွင်းပြီး အလားတူထုတ်ကုန်များကို အခြားနိုင်ငံများသို့ ပြန်လည်တင်ပို့ခဲ့သည်။

 ယခုနှစ် ဧပြီလနှင့် မေလအတွင်း အာဏာပိုင်များက အခွန်ရှောင်သည်ဟု သံသယရှိသဖြင့် ဗင်ကား ၁၀ စီးနှင့် ကုန်စည်များပါသည့် ကွန်တိန်နာ ၇ လုံးခန့်ကို သိမ်းဆည်းရမိခဲ့သည်။ ဘင်္ဂလားဒေ့ရှ် ပို့ကုန် စီမံဆောင်ရွက်ရေး ဇုန်အာဏာပိုင် (BEPZA) အရာရှိအချို့ကို ကြိုးကိုင်လှည့်ဖြားခြင်းဖြင့် အဆိုပါကုန်စည်များကို တရုတ်နိုင်ငံမှ တင်သွင်းလာဟန်ရှိသည်။
ဇူလိုင်လကလည်း တရုတ်နိုင်ငံမှ နိုင်ငံခြားအရက်များထည့်ထားသောကတ်ထူဗူးပေါင်း ၂၇၀၀ ကို စစ်တကောင်း-ဒါကာ အမြန်လမ်းတွင် အာဏာပိုင်များ၏ အထူးစစ်ဆင်ရေးအတွင်း သိမ်းဆည်းရမိခဲ့သည်။ 

တောင်အာရှရှိ တရုတ်စီးပွားရေးများသည် ဒေသတွင်းတွင် တရားမျှတမှုမရှိသော အသာစီးမှုများရရယူရန် တရုတ်အစိုးရနှင့်ဆက်စပ်သောကုမ္ပဏီများကျင့်သုံးသည့် အကျင့်ပျက်ခြစားခြင်းနှင့် ရာဇဝတ်မှုများနှင့် ဒွန်တွဲတွေ့ရတတ်သည်။


ကြီးမားသော တရုတ်ချေးငွေအကြွေးကြောင့် အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရသော သီရိလင်္ကာကဲ့သို့သော ကံကြမ္မာကို ရှောင်ရှားလိုပါက ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့် သတိထားရန် လိုအပ်ပေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required