အိန္ဒိယ၏ အာရူနာချယ်ပရာဒေ့ရှ်ပြည်နယ်နှင့် ပတ်သက်၍ တရုတ်၏ ပြောဆိုချက်သည် ဒေါသထွက်စရာ ကောင်းကြောင်း ဂျာမန် သံတမန်အသစ် ပြောကြား

အိန္ဒိယ၏ အာရူနာချယ်ပရာဒေ့ရှ်ပြည်နယ်နှင့် ပတ်သက်၍ တရုတ်၏ ပြောဆိုချက်သည် ဒေါသထွက်စရာ ကောင်းကြောင်း ဂျာမန် သံတမန်အသစ် ပြောကြား

အိန္ဒိယနိုင်ငံဆိုင်ရာ ဂျာမန်သံအမတ်ကြီး ဖိလစ် အက်ကာမန်းက နယူးဒေလီတွင် ပြုလုပ်သည့် ပထမဆုံး သတင်းစာ ရှင်းလင်းပွဲတွင် အိန္ဒိယ၏ အာရူနာချယ်ပရာဒေ့ရှ်ပြည်နယ်နှင့် ပတ်သက်၍ တရုတ်၏ ပြောဆိုချက်ကို  ဒေါသဖြစ်စရာကောင်းကြောင်း  ပြောဆိုလိုက်သည်။

"အာရူနာချယ်ပရာဒေ့ရှ်ပြည်နယ်ကို တရုတ်ရဲ့ အဓိကအစိတ်အပိုင်းတစ်ခုအဖြစ် ထုတ်ဖော်ပြောဆိုတာက ဒေါသဖြစ်စရာကောင်းတယ်ဆိုတာကျွန်တော်တို့ မမေ့သင့်ပါဘူး။ ဒါကြောင့် နယ်စပ်မှာ ကျူးကျော်မှုက အလွန် ခက်ခဲပြီး လက်ခံနိုင်ဖွယ်မရှိပါဘူး" ဟု သံအမတ်ကြီးက နယူးဒေလီတွင် ပြုလုပ်သည့် ၎င်း၏ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

သတင်းစာ ရှင်းလင်းပွဲ၌ ANI ကို ပြောကြားရာတွင် ဂျာမန်သံအမတ်သစ်က အိန္ဒိယ၏ တန်ဖိုးများကို ချီးကျူး ခဲ့ပြီး နှစ်နိုင်ငံအကြား မိတ်ဖက်ဆက်ဆံရေးသည် ကြီးမြတ်ကြောင်း ပြောကြားခဲ့သည်။ အိန္ဒိယ၏ ဒီမိုကရေစီ၊ ၎တရားစီရင်ရေးစနစ်နှင့် အာဏာခွဲဝေမှုကိုလည်း ချီးကျူးခဲ့သည်။

“အိန္ဒိယသမ္မတကို ကျွန်တော်ရဲ့ခန့်အပ်လွှာကို ပေးအပ်တုန်းက ဂျာမနီနဲ့ အိန္ဒိယတို့က ဒီမိုကရေစီရဲ့ တူညီတဲ့ တန် ဖိုးတွေ ရှိတယ်လို့ သမ္မတ ပြောကြားခဲ့ပြီး ဒါကလဲ ဟုတ်ပါတယ် ဒီမိုကရေစီရဲ့ တူညီတဲ့တန်ဖိုးတွေ မျှဝေ ထားတဲ့ အတွက် စိတ်တူကိုယ်တူနိုင်ငံတွေအဖြစ် အတူတကွ လက်တွဲလုပ်ဆောင်ချင်ပါတယ်။ လွှတ်တော်၊ အုပ်ချုပ်ရေး ဒါမှမဟုတ် တရားစီရင်ရေးတွေက အိန္ဒိယ လူ့အဖွဲ့အစည်းမှာ မတူညီတဲ့ အဖွဲ့အစည်းတွေလို့ ကျွန်တော် ခံစားရ ပါတယ်။ အဲဒါတွေအားလုံးက ကျွန်တော်တို့အတွက် မိတ်ဖက်တွေဖြစ်ပြီး သူတို့နဲ့ အတူလက်တွဲ လုပ်ဆောင်ချင် ပါတယ်” ဟု သံအမတ်ကြီးက ပြောကြားခဲ့သည်။

ရာသီဥတုပြောင်းလဲမှုသည် အကြီးမားဆုံးပြဿနာများထဲမှတစ်ခုဖြစ်ကြောင်း သံအမတ်ကြီးက  ခေါ်ဆို လိုက်ပြီး ရာသီဥတုပြောင်းလဲမှုသည် ဆွေးနွေးပွဲတွင်ရှိနေသည်ဟု  ယုံကြည်ကြောင်းနှင့် အိန္ဒိယနှင့် ဂျာမနီ၏ မိတ်ဖက်ဆက်ဆံရေးကို အရေးကြီးသော မိတ်ဖက်ဆက်ဆံရေးဟု ခေါ်ဆိုခဲ့သည်။

သံအမတ်ကြီး အက်ကာမန်းကလည်း ဂျာမနီတွင် အိန္ဒိယကျောင်းသားများ ကြုံတွေ့နေရသော ဗီဇာကြန့်ကြာမှု နှင့် ပတ်သက်၍ ၎င်း၏ စိုးရိမ်မှုကို ထုတ်ဖော်ပြောကြားခဲ့ပြီး လက်ရှိအခြေအနေကို အလွန်စိတ်မချမ်းသာ ကြောင်းနှင့် နှစ်ကုန်ပိုင်းတွင် အရာအားလုံး ပုံမှန်ပြန်ဖြစ်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်း၏ ဇာပိုရီဇက်ဇီရာနျူကလီးယားစက်ရုံသို့ ကုလသမဂ္ဂနျူကလီးယား စောင့်ကြည့်ရေးအဖွဲ့ သွားရောက် စဉ် သံအမတ်ကြီးက ယင်းကို ကြီးမားသော စိုးရိမ်ပူပန်မှုဟု ခေါ်ဆိုခဲ့ပြီး စစ်ပွဲကြီး ပြီးဆုံးသွားလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ရုရှား-ယူကရိန်း ပဋိပက္ခနှင့် ပတ်သက်ပြီး နိုင်ငံတကာ စည်းမျဉ်းများကို ချိုးဖောက်သည့် ပြဿနာကို အိန္ဒိယက ကောင်းကောင်း သိနားလည်ကြောင်း ဂျာမန်သံအမတ်ကြီးက အသိအမှတ်ပြုပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required