ကမ္ဘာကြီးပူနွေးမှုသည် စီးပွားရေးထိခိုက်မှုကို ဖြစ်စေကြောင်း တရုတ်နိုင်ငံအပူလှိုင်းက ဖော်ပြနေ

ကမ္ဘာကြီးပူနွေးမှုသည် စီးပွားရေးထိခိုက်မှုကို ဖြစ်စေကြောင်း တရုတ်နိုင်ငံအပူလှိုင်းက ဖော်ပြနေ

တရုတ်နိုင်ငံသည် ယခုနှစ်နွေရာသီတွင် စံချိန်တင်အပူချိန်၊ ရုတ်တရက် ရေကြီးမှုများနှင့် မိုးခေါင်ရေရှားမှုတို့ကို ခံစားနေရကာ သဘာဝဘေးအန္တရာယ်အကြိမ်ရေများလာခြင်းနှင့် စက်မှုလုပ်ငန်းများ အဓိကရှိသည့် နေရာများတွင် လေထု အရည်အသွေးကျဆင်းလာမှုနှင့်အတူ တရုတ်အား ရာသီဥတုဖောက်ပြန်မှု ဒဏ်ကို ခံနိုင်ရည်မရှိသော နိုင်ငံဖြစ်လာစေလျက်ရှိကြောင်း Financial Postကဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသည် ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး အပူလှိုင်းကို ခံစားနေရကာ  ဓာတ်အား ပြတ်တောက်မှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။ 

တရုတ်နိုင်ငံ ဒေသအများအပြားတွင် နိုင်ငံသားများသည် ပြင်းထန်သော မိုးခေါင်ရေရှားမှုအကြား စံချိန်တင် အပူလှိုင်းများကို မြင်တွေ့နေရသည်။

ပူပြင်းသောအပူချိန်သည် သီးနှံကြီးထွားမှုကို အနှောင့်အယှက်ဖြစ်စေသလို ခြံမွေးတိရစ္ဆာန်များ၏ အသက်ကို လည်း ခြိမ်းခြောက်လျက်ရှိသည်။ ထို့ပြင် အရှေ့ ကျဲ့ကျန်းပြည်နယ်နှင့် ရှန်ဟိုင်း၊ ကျားရှီနှင့် ဖူကျီရန်တို့တွင် အပူချိန်မှာ ၃၉ မှ ၄၂ ဒီဂရီ စဲလ်စီယပ်စ်အကြားရှိသည်။

မိုးခေါင်ရေရှားမှုကြောင့် တချို့တောင်ပိုင်းဒေသများတွင် ရာသီလယ်စပါးနှင့် နွေပြောင်းတို့အပေါ်  ထိခိုက် နေပြီဖြစ်သည်။

ယန်ဇီမြစ်ဝှမ်းရှိ မိုးရေချိန်သည် မကြာသေးမီနှစ်များက ပျှမ်းမျှမိုးရေချိန်နှင့်နှိုင်းယှဉ်ပါက ၄၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းနှင့် အနောက်တောင်ပိုင်း ချုံချင့်ဒေသမှ ကောင်တီပေါင်း ၃၄ ခုရှိ မြစ် ၆၆ စင်းသည် ခန်းခြောက်လျက်ရှိကြောင်း တရုတ်ရေအရင်းအမြစ်ဝန်ကြီးဌာနက ပြောသည်။

 မိုးရေချိန်လျော့နည်းလာသောကြောင့် ရေအားလျှပ်စစ်ရေလှောင်ကန်ရှိ ရေပမာဏ နည်းပါးကာ လျှပ်စစ် ထုတ်လုပ်မှု လျော့ကျလာသည်။

တရုတ်နိုင်ငံ၏ သံမဏိ၊ ဓာတုဗေဒထုတ်ကုန်နှင့် မြေသြဇာလုပ်ငန်းများသည် ထုတ်လုပ်မှု နှေးကွေးလာကာ အပူလှိုင်းသည် နိုင်ငံ၏ စီးပွားရေးအပေါ် သိသိသာသာ သက်ရောက်မှုရှိခဲ့သည်။

အပူချိန်လွန်ကဲမှုကြောင့် ဇူလိုင်လတစ်လတည်းတွင်ပင် တိုက်ရိုက်စီးပွားရေးဆုံးရှုံးမှု ယွမ် ၂ ဒသမ ၇ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၄၀၀ ) ရှိကာ လူပေါင်း ၅ ဒသမ ၅ သန်းကို ထိခိုက်စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required