တိဗက်ပြည်သူများအတွက် ဒလိုင်းလားမား၏အကောင်းဆုံးလက်ဆောင်မှာ ဒီမိုကရေစီဖြစ်ကြောင်း  တက်ကြွလှုပ်ရှားသူပြော

တိဗက်ပြည်သူများအတွက် ဒလိုင်းလားမား၏အကောင်းဆုံးလက်ဆောင်မှာ ဒီမိုကရေစီဖြစ်ကြောင်း  တက်ကြွလှုပ်ရှားသူပြော

ဒီမိုကရေစီသည် တိဗက် ပြည်သူများအတွက် ဒလိုင်းလားမား ပေးအပ်သည့် အကောင်းဆုံးလက်ဆောင်များထဲမှ တစ်ခုဖြစ်ကြောင်း လန်ဒန်အခြေစိုက် တိဗက်အရေး တက်ကြွလှုပ်ရှားသူ ဆာရင်ပါဆန်က ပြောကြားသည်။

သို့သော် တရုတ်၊ တိဗက်နှင့် အရှေ့တာကစ္စတန်တို့တွင် ဖိနှိပ်မှုများ ဆက်လက်ကျူးလွန်နေသဖြင့် တရုတ် ကွန်မြူနစ်ပါတီသည်ဒီမိုကရေစီ၊ လွတ်လပ်မှုနှင့် တရားမျှတမှု၏ နံပါတ် ၁ ရန်သူဖြစ်လာကြောင်း ၎င်းက ပြောသည်။

 ၁၉၆၀ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် ဒလိုင်းလားမားမှ စတင်မိတ်ဆက်ခဲ့သည့် အခြေခံကျကျ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများသည် တိဗက်လူမျိုးများအတွက် အရေးပါသော ကာလဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် ယင်းနေ့ကို အဝေးရောက်တိဗက်လူမျိုးစုများအကြားတွင် တိဗက်ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့သည်။

ကမ္ဘာတစ်ဝန်းရှိ တိဗက်လူမျိုးများသည် စက်တင်ဘာ ၂ ရက်က ၆၂ နှစ်မြောက် တိဗက်ဒီမိုကရေစီနေ့ကို ကျင်းပခဲ့ကြသည်။ တိဗက်ဒီမိုကရေစီနေ့ အခမ်းအနား၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် မိန့်ခွန်းများနှင့် ရိုးရာယဉ်ကျေးမှု ဖျော်ဖြေပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိသည်။

ပြည်သူများအတွက်ပေးသော ဒလိုင်းလားမား၏လက်ဆောင်ကို ဂုဏ်ပြုသည့်အနေဖြင့် ရေးစပ်ထားသည့် တိဗက်ဒီမိုကရေစီသီချင်း Mangtso Sar-zheကိုလည်း သီဆိုကြသည်။ တိဗက်များသည် ရွေးကောက်ပွဲများ ကျင်းပ၍ နိုင်ငံရေးခေါင်းဆောင်များကို တိုက်ရိုက်ရွေးချယ်ကြသည်။

တိဗက်နှင့်ဖိနှိပ်ခံလူနည်းစုများအတွက် ကမ္ဘာလုံးဆိုင်ရာမဟာမိတ်အဖွဲ့ကို တည်ထောင်သူ ဥက္ကဋ္ဌ ဆာရင်ပါဆန်က “ဒီနေ့ စက်တင်ဘာ ၂ ရက်နေ့ တိဗက်ဒီမိုကရေစီနေ့မှာ ဒလိုင်းလားမားကို ကျေးဇူးတင်ကြောင်းနဲ့ သတိရအောက်မေ့ကြောင်း ပြောကြားလိုပါတယ်” ဟု တွစ်တာ၌ ရေးသားခဲ့သည်။

လန်ဒန်တွင် တိဗက်အသိုက်အဝန်းအဖွဲ့က တိဗက်ဒီမိုကရေစီနေ့ကို ကျင်းပခဲ့ကာ လူ ၅၀ နီးပါးခန့် တက်ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly