သီရိလင်္ကာ၏ ကြွေးမြီပြန်လည် ပြင်ဆင်သတ်မှတ်ရေး တောင်းဆိုမှုနှင့်ပတ်သက်၍ တရုတ်က မသိကျိုးကျွံပြု တိတ်ဆိတ်နေ

သီရိလင်္ကာ၏ ကြွေးမြီပြန်လည် ပြင်ဆင်သတ်မှတ်ရေး တောင်းဆိုမှုနှင့်ပတ်သက်၍ တရုတ်က မသိကျိုးကျွံပြု တိတ်ဆိတ်နေ

သီရိလင်္ကာသမ္မတ ရေနယ်လ် ဝစ်ရမ်ဆင်ဟာက ဆိုးရွားလှသော စီးပွားရေးအကျပ်အတည်းနှင့် နိုင်ငံခြား အရန်ငွေများနည်းပါးနေချိန်အတွင် ယင်း၏ ကြွေးမြီများအား ပြန်လည်ပြင်ဆင်သတ်မှတ်ရန် တရုတ်ကို တောင်းဆိုထားသော်လည်း အရေးပေါ်အချိန်တွင်   သီရိလင်္ကာအား အကူအညီပေးရန် စိတ်မဝင်စားကြောင်း ဖော်ပြသည့်အနေဖြင့် မသိကျိုးကျွံပြုကာ တိတ်ဆိတ်နေသည်။

"အကြွေးတွေကို ပြန်လည်ဖွဲ့စည်းဖို့ လိုအပ်ကြောင်းနဲ့ မြီရှင်တွေအားလုံးတညီတညွတ်ထဲဖြစ်ဖို့ လိုအပ် ကြောင်းကို တရုတ်အစိုးရကို ကျွန်ုပ်တို့ အသိပေးထားပါတယ်" ဟု သြဂုတ်လ ၂၅ရက်က Nikkei Asia နှင့် လူတွေ့မေးမြန်ခန်းတစ်ခုမှာ သီရိလင်္ကာသမ္မတ ရေနယ်လ် ဝစ်ရမ်ဆင်ဟာက ပြောကြားခဲ့သည်။

တရုတ်က မတူညီသည့် ချဉ်းကပ်မှုတစ်ရပ်ကို ကျင့်သုံးပြီး သီရိလင်္ကာလူမျိုးများ၏ ပူပန်သောကကို မသိကျိုး ကျွံပြုထားသည်။

သီရိလင်္ကာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချိကျန်းဟုန်က သီရိလင်္ကာဘက်မှရပ်တည်ခြင်းမရှိသည့်အတွက် အခြားနိုင်ငံများကို အပြစ်တင်ထားပြီး သီရိလင်္ကာသမ္မတ၏ တောင်းဆိုမှုကို မကြားချင်ဟန်ဆောင်ကာ ဆိတ်ဆိတ်နေခဲ့သည်။

အခြားသူများကို အပြစ်တင်နေသော်လည်း သီရိလင်္ကာ၏ လက်ရှိစီးပွားရေးအညစ်အကျပ်အတည်းများကို ကျော်လွှားနိုင်ရန် တရုတ်က လုံလောက်အောင် မကူညီသေးကြောင်း Ceylon Today က ဖော်ပြခဲ့သည်။

 ရန်ပုံငွေထောက်ပံ့မှုအတွက် ကျေးဇူးရှင်များဟုဆိုသည့် နိုင်ငံများက သီရိလင်္ကာအား မသိကျိုးကျွံပြုနေချိန်တွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ အိမ်နီးချင်းဦးစားပေး မူဝါဒအရ အိန္ဒိယက ပထမဆုံး အကူအညီပေးခဲ့သည်။

နိုင်ငံခြားအရန်ငွေ ပြတ်လတ်ပြီး ဆင်းရဲတွင်းနက်နေသော စီးပွားရေးကို ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းနေ ပြီး နိုင်ငံ၏ဘဏ္ဍာရေးအဖွဲ့ ကို ဦးဆောင်နေသည့် ဝစ်ရီမီဆင်ဟာအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ် နှင့် ရင်ဆိုင်ရချိန်တွင် သီရိလင်္ကာအတွက် အများဆုံးငွေချေးပေးသူဖြစ်သည့် တရုတ်ထံ မေတ္တာရပ်ခံချက် ထွက်ပေါ် လာခဲ့ခြင်းဖြစ်ကြောင်း သီရိလင်္ကာစာစောင် The Morning တွင် ဖော်ပြခဲ့သည်။ 

ထို့ပြင် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) နှင့် သဘောတူညီချက်ကို ရယူခြင်းသည် ရိုးရှင်း သောအလုပ်မဟုတ်ကြောင်း ၎င်းက ဝန်ခံခဲ့သည်ဟု The Morning သတင်းတွင် ဖော်ပြထားသည်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ခရီးစဉ်မတိုင်မီ ကြေညာချက်တွင် သွယ်ဝိုက်၍ တရုတ်သည် သီရိလင်္ကာ၏ စီးပွားရေးကံကြမ္မာကို ပုံဖော်ပေးမည့် အဓိကနိုင်ငံဖြစ်ကြောင်းကို အလေးပေးဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required