ပါကစ္စတန်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းနေ

ပါကစ္စတန်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းနေ

ပါကစ္စတန်၏ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) သည် ပြီးခဲ့သည့် ဇူလိုင်လက ဒေါ်လာ ၅၉ သန်းသာ ရှိခဲ့ပြီး ယင်းသည် အစောပိုင်းတစ်နှစ်က ဒေါ်လာ ၁၀၃ ဒသမ ၈ သန်းနှင့် ယှဉ်ပါက ၄၃ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း ဗဟိုဘဏ်၏ အချက်အလက်များကို ကိုးကားပြီး The News International သတင်းစာက ဖော်ပြသည်။

နိုင်ငံ၏ FDI သည် တစ်လထက်တစ်လ အခြေခံအားဖြင့် ၇၈ ရာခိုင်နှုန်း ကျဆင်းကြောင်း ပါကစ္စတန် သတင်းစာ The News International က ဖော်ပြသည်။ ယင်းနိုင်ငံ၏ FDI ဝင်ရောက်မှုသည် ဇွန်လက ဒေါ်လာ ၂၇၁ သန်း ရှိခဲ့သည်။

လက်ရှိ ဘဏ္ဍာနှစ်၏ ပထမဆုံးလတွင် အဆိုပါနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍသည် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူ များထံမှ FDI ဒေါ်လာ ၂၇ ဒသမ ၇ သန်း ဖိတ်ခေါ်နိုင်ခဲ့သည် ဖြစ်ရာ ယင်းသည် ယမန်နှစ် အလားတူကာလ၏ ဒေါ်လာ ၃၆ သန်းနှင့် ယှဉ်ပါက လျော့ကျသွားကြောင်းကို ပါကစ္စတန် ဗဟိုဘဏ်၏ ဒေတာများက ပြသ နေသည်ဟု The News International က ဖော်ပြသည်။

ထို့ပြင် ဓာတ်ငွေ့နှင့် တူးဖော်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ ၁၉ သန်းမှ ဒေါ်လာ ၂ ဒသမ ၇ သန်းကို ကျဆင်းခဲ့ကြောင်း အဆိုပါ မီဒီယာက ထပ်မံ ဖော်ပြသည်။

ဆက်သွယ်ရေးကဏ္ဍတွင် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ ၁၄ ဒသမ ၉ ဘီလီယံမှ ဒေါ်လာ ၁၀ ဒသမ ၆ ဘီလီယံသို့ ကျဆင်းခဲ့သည်။

သို့သော် စွမ်းအင်လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုက ယမန်နှစ်အစောပိုင်းက ဒေါ်လာ ၂၆ ဒသမ ၅ သန်းမှ ပြီးခဲ့သည့် ဇူလိုင်လတွင် ဒေါ်လာ ၃၀ ဒသမ ၆ သန်းကို တိုးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly