တိဗက်တွင် အရာရှိ ၁၀ဝ ကျော်သည် ကိုဗစ်-၁၉ ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ပျက်ကွက်ခြင်းကြောင့် အရေးယူခံရ 

By Tibet Rights Collective
02 September 2022
တိဗက်တွင် အရာရှိ ၁၀ဝ ကျော်သည် ကိုဗစ်-၁၉ ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ပျက်ကွက်ခြင်းကြောင့် အရေးယူခံရ 

တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (TAR) ရှိ အရာရှိ ၁၀ဝ ကျော်သည် ကိုဗစ်-၁၉ ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ပျက်ကွက်ခြင်းကြောင့် သြဂုတ်လတွင် ထုတ်ပယ်ခြင်း သို့မဟုတ် ပြစ်တင်ရှုတ်ချခြင်း ခံခဲ့ရကြောင်း scmp.com က သြဂုတ် ၂၈ရက်တွင် ဖော်ပြလိုက်သည်။

တရုတ်နိုင်ငံတစ်ဝန်းတွင် သြဂုတ် ၂၇ ရက်က အစီရင်ခံတင်ပြခဲ့သော ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၁၂၉၄ ခုအနက် ယင်းဒေသတွင် စုစုပေါင်း ၅၀၃ ခုရှိကြောင်း တရုတ်အစိုးရ၏ ဆင်ဟွာသတင်းအေဂျင်စီက သြဂုတ် ၂၈ ရက်၌ ဖော်ပြခဲ့သည်။

တောင်ပိုင်း ဟိုင်နန်ကျွန်းအပြင် အိမ်နီးချင်း စီချွမ်နှင့် ချင်ဟိုင်းတို့သည်လည်း ကူးစက်မှုအဖြစ်များသည့် နေရာ များဖြစ်သည်။

ဒေသဆိုင်ရာပါတီအာဘော်တိဗက်နေ့စဉ်ကိုကိုးကား၍ scmp.com သတင်းတွင် တိဗက်မြို့တော် လာဆာ၌ အရာရှိ ၂၂ ဦးသည် ကိုရိုနာဗိုင်းရပ်ထိန်းချုပ်မှုတွင် ပေါ့ဆမှုကြောင့် ပြီးခဲ့သည့်သီတင်းပတ်က စည်းကမ်းပိုင်း ဆိုင်ရာ အရေးယူခြင်းခံခဲ့ရကြောင်း ဆိုသည်။

၎င်းတို့အနက် ၅ ဦးကို အလုပ်ထုတ်ခဲ့ပြီး ကျန်တစ်ဦးမှာ ပြင်းပြင်းထန်ထန် သတိပေးခံခဲ့ရသည်။

အစောပိုင်းတွင် နီပေါနှင့် နယ်စပ်ချင်းထိစပ်နေသော တိဗက်ရှန်နန်မြို့၏ ကွန်မြူနစ်ပါတီကော်မတီက ဒေသ ဆိုင်ရာ အရာရှိ ၆ ဦးကို ကပ်ရောဂါထိန်းချုပ်ရေးတွင် နှောင့်နှေးမှုများကြောင့် အရေးယူခဲ့ပြီး ၎င်းတို့ထဲမှ ၂ ဦးကို ထုတ်ပယ်ခဲ့ကြောင်း ပြောကြားခဲ့သည်ဟု သတင်းက ထပ်မံဆိုသည်။

ရောဂါစတင်ဖြစ်ပွားသည့်အနောက်တောင်ပိုင်း TAR ရှိ ရှီဂတ်ဆဲတွင် အရာရှိ ၇၇ ဦးသည် ကိုဗစ်-၁၉ တိုက်ပွဲ တွင် တာဝန်ပျက်ကွက်မှုကြောင့် ယခုလအတွင်း စည်းကမ်းပိုင်းဆိုင်ရာ အရေးယူခံရပြီး ၁၀ ဦး အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required