တရုတ်က တိဗက်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို  ဆက်လက် လုပ်ဆောင်နေ

တရုတ်က တိဗက်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို  ဆက်လက် လုပ်ဆောင်နေ

တရုတ်အစိုးရက ၎င်းတို့၏မူဝါဒများကိုမလိုက်နာသော တိဗက်လူမျိုးများအပေါ်  နှိမ်နင်းမှု၊ ထောင်သွင်း အကျဉ်းချမှု၊ သတ်ဖြတ်မှု၊ ခြိမ်းခြောက်မှုနှင့် နှောင့်ယှက်မှုများလုပ်ဆောင်ခြင်းဖြင့် ဆက်လက်ဖိနှိပ် နေဆဲဖြစ်သည်။

တရုတ်သည် အဝေးရောက်ခေါင်းဆောင် ကာတီရင်ပိုချီ၏ ဩဂုတ် ၈ ရက်တွင်ကျရောက်သော မွေးနေ့အတွက် အွန်လိုင်း၌ ပို့စ်တင်ခြင်းအပါအဝင် ဂုဏ်ပြုခြင်းမလုပ်ရန် စီချွမ်ပြည်နယ်ရှိ ကောင်တီ ၂ ခုမှ ခေါင်းဆောင်များအား တားမြစ်ထားခြင်းက လက်ရှိ တိဗက်တွင်နေထိုင်သော ပြည်သူများအပေါ် ဖိနှိပ်မှုအတိုင်းအတာနှင့် ထုတ်ဖော် ပြောဆိုခွင့်မရှိကြောင်းကို ဖော်ပြနေသည်။

ဒလိုင်းလားမားနှင့်တိဗက်လူမျိုးအများအပြားသည် တရုတ်ဖိနှိပ်မှုကြောင့် တိဗက်မှထွက်ခွာပြီး အိန္ဒိယတွင် ဒုက္ခသည်အဖြစ် နေထိုင်နေသည်မှာ နှစ်ပေါင်း ၆၀ ကျော်ပြီဖြစ်ကြောင်း Tibet Press ကဖော်ပြသည်။

သို့သော် တိဗက်၏ဘာသာရေးနှင့် ကိုယ်ပိုင်လက္ခဏာကို တရုတ်အသွင်လက္ခဏာသို့ပြောင်းမည့် တရုတ်အစိုးရ၏ လတ်တလောကြိုးပမ်းအားထုတ်မှုများသည် ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။

တိဗက်တွင် ဘာသာရေးဖိနှိပ်မှုသည် ဆယ်စုနှစ်များစွာအတွင်း ပိုမိုပြင်းထန်လာပြီး တိဗက်လူမျိုးများအပေါ် တရုတ်၏အဆက်မပြတ်တိုက်ခိုက်မှုသည် ဟိမဝန္တာဒေသကို တရုတ်အသွင်လက္ခဏာသို့ လုံးဝပြောင်းလဲရေး ဖြစ်စဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

၁၉၅၃ ခုနှစ်က တည်ထောင်ခဲ့သော တရုတ်ဗုဒ္ဓဘာသာအဖွဲ့အစည်းသည် ကွမ်တုန်းပြည်နယ်၌ “တိဗက် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၏ တရားမဝင်သာသနာရေးလှုပ်ရှားမှုများကို သပိတ်မှောက်ရန်နှိုးဆော်ချက်” ဟု ဖော်ပြထားသော ကြေညာချက်ကို ဇူလိုင်လက ထုတ်ပြန်ခဲ့သည်။

အခြေခံလူ့အခွင့်အရေးကင်းမဲ့မှုသည် ပြဿနာတစ်ရပ်ပြီး နိုင်ငံတကာမျက်နှာစာတွင် ထိုက်သင့်သော အာရုံစိုက်မှုရရှိရန် အခါအားလျော်စွာ တွေ့မြင်နေရသည်။ သို့သော် ယင်းပြဿနာကို ကုလသမဂ္ဂကဲ့သို့သော အဖွဲ့အစည်းများက အရေးတယူလုပ်ဆောင်ရမည့်ကိစ္စအဖြစ် မည်သည့်အခါမျှ မမှတ်ယူကြပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly