အာဖဂန် အရှေ့မြောက်ပြည်နယ်တွင် ဖြစ်ပွားသော ပေါက်ကွဲမှုကြောင့် တာလီဘန်တပ်ဖွဲ့ဝင်များထိခိုက် သေဆုံး 

အာဖဂန် အရှေ့မြောက်ပြည်နယ်တွင် ဖြစ်ပွားသော ပေါက်ကွဲမှုကြောင့် တာလီဘန်တပ်ဖွဲ့ဝင်များထိခိုက် သေဆုံး 

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်း ကူနာပြည်နယ်တွင် ဖြစ်ပွားသော ပေါက်ကွဲမှုဖြစ်စဉ်တစ်ခုကြောင့် တာလီဘန်တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး   ၆ ဦး ထိခိုက်ဒဏ်ရာများ ရခဲ့ကြောင်း အာဏာပိုင်များကို ကိုးကားပြီး Khaama Press က ဖော်ပြသည်။

သေဆုံးခဲ့သည့် တာလီဘန်အဖွဲ့ဝင်သည် လမ်းဘေးတွင် ထောင်ထားသည့် မိုင်းပေါက်ကွဲမှုတစ်ခုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါမီဒီယာက ဖော်ပြသည်။
 
ဩဂုတ် ၂၈ ရက်က ဖြစ်ပွားသော အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်တွင် တာလီဘန်တပ်ဖွဲ့ဝင်များ လိုက်ပါလာသော ကားကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲ မော်လာဝီ အဗ္ဗဒူလ်ဟက် ဟက်ကာနီက ပြောသည်။

အဆိုပါ မိုင်းပေါက်ကွဲမှု ဖြစ်စဉ်နှင့် ဆက်နွယ်ပြီး လူ ၃ဦးကို ဖမ်းဆီးခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း ပန်ဂျ်ရှား ပြည်နယ်တွင် လမ်းဘေးမိုင်း ပေါက်ကွဲမှုကြောင့် တာလီဘန် ကားတစ်စီး ထိမှန်ခဲ့သည်။

ပန်ဂျ်ရှားပြည်နယ် ရူခါ ခရိုင်တွင် အဆိုပါ လမ်းဘေး မိုင်းပေါက်ကွဲမှုက ပြီးခဲ့သည့် ဩဂုတ် ၂၂ ရက်တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

တာလီဘန်တို့သည် အာဖဂန်နစ္စတန်ကို အပြည့်အဝ ထိန်းချုပ်ထားသည်ဟု ပြောထားသော်လည်း အိုင်အက်စ် အဖွဲ့သည် အဆိုပါ နိုင်ငံတစ်ဝန်း အရပ်သားများနှင့် ရဲများကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly