တရုတ်ကွန်မြူနစ်ပါတီက ဖိုရမ်များကျင်းပကာ တိဗက်အကြောင်း သတင်းမှားများဖြန့်နေ

တရုတ်ကွန်မြူနစ်ပါတီက ဖိုရမ်များကျင်းပကာ တိဗက်အကြောင်း သတင်းမှားများဖြန့်နေ

တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် တိဗက်ကိုသိမ်းပိုက်ခြင်းကို တရားဝင်ဖြစ်စေရန် တိဗက်အရေးနှင့်ဆိုင်သည့်  ဝါဒဖြန့်ချိသည့် ဖိုရမ်များနှင့် အကြံပေးများ ပါဝင်သည့် ဖိုရမ်များကျင်းပကာ တိဗက်ကို ကျူးကျော်သည့် အပေါ် ပုံဖျက်ရန် ကြိုးစားလျက်ရှိသည်။

“ရေရှည်တည်တံ့မှုနှင့်မျှဝေခြင်းခေတ်သစ်တွင် တရုတ်နှင့်တိဗက်၌ အရည်အသွေးပြည့်ဝသောဖွံ့ဖြိုးတိုးတက်မှု”  ခေါင်းစဉ်ဖြင့်၂၀၂၂ ခုနှစ် ၆ ကြိမ်မြောက် တရုတ်-တိဗက်နိုင်ငံတကာဖိုရမ်နှင့် တရုတ်တိဗက်ဝါဒဖိုရမ်တို့ကို ပေကျင်းတွင် ကျင်းပခဲ့ကြသည်။

အဆိုပါ အခမ်းအနားကို တိဗက်အကြံပေးအဖွဲ့၊  မျိုးနွယ်စုဗေဒနှင့်မနုဿဗေဒအင်စတီကျုနှင့် တရုတ်လူမှုသိပ္ပံ အကယ်ဒမီ (CASS) တို့၏ ကမကထပြုမှုဖြင့် ကျင်းပခြင်းဖြစ်သည်။ ထိုသို့သောဖိုရမ်များသည် တိဗက်ကို တရားမဝင်ကျူးကျော်ဝင်ရောက်သိမ်းပိုက်ခြင်းအား တရားဝင်ဖြစ်စေရန် တရုတ်ကွန်မြူနစ်ပါတီ၏ ကြိုးပမ်းမှု၏တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း Tibet Rights Collective (TRC)က ဖော်ပြခဲ့သည်။

တရုတ်သည် တရုတ်တိဗက်သုတေသနစင်တာ၊ တိဗက်လူမှုသိပ္ပံအကယ်ဒမီနှင့် တိဗက်ယဉ်ကျေးမှု ထိန်းသိမ်း စောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ကဲ့သို့ ပညာရှင်များတက်ရောက်သည့် အခမ်းအနားများနှင့် ဆွေးနွေးပွဲများကို ကျင်းပပြီး လုပ်ဇာတ်များကို အခိုင်အမာပြောဆိုရန် ကြိုးစားနေသည်။

တိဗက်ကို သိမ်းပိုက်ခြင်းမှာ တရားဝင်ကြောင်းနှင့် သတင်းအမှားများကို ဖြန့်ချိရန် တရုတ်ကွန်မြူနစ်ပါတီသည် အွန်လိုင်းနှီးနှောဖလှယ်ပွဲများကို ကျင်းပပြီး ဝါဒဖြန့်လက်နက်များအဖြစ် အသုံးချလျက်ရှိသည်။ 

တိဗက်သည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းဖြစ်ကြောင်း တရုတ်က အခိုင်အမာဆိုသော်လည်း တိဗက်သည် ကိုယ်ပိုင်အလံ၊ စစ်တပ်နှင့် အခြားနိုင်ငံများနှင့် စာချုပ်များ ချုပ်ဆိုထားသည့် လွတ်လပ်သောနိုင်ငံဖြစ်ကြောင်း သမိုင်းအထောက်အထားများက သက်သေပြနေသည်။

တရုတ်က ခန့်အပ်ထားသော ပန်ချန်လားမားသည် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လူမှုရေးသိပ္ပံနှင့် တိဗက်တက္ကသိုလ်မှ ကျွမ်းကျင်ပညာရှင်များ၊ တိဗက်ဗုဒ္ဓဘာသာအကယ်ဒမီမှ ကထိကများနှင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြောင်း TRC က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly