ရှင်ကျန်းဒေသတွင်  လူ့ခွင့်အရေး ချိုးဖောက်မှုများမရှိကြောင်း လူမှုမီဒီယာများတွင် ဝါဒဖြန့်နိုင်ရန် တရုတ်က ကွန်ပျူတာပရိုဂရမ်များကို အသုံးပြုနေ

ရှင်ကျန်းဒေသတွင်  လူ့ခွင့်အရေး ချိုးဖောက်မှုများမရှိကြောင်း လူမှုမီဒီယာများတွင် ဝါဒဖြန့်နိုင်ရန် တရုတ်က ကွန်ပျူတာပရိုဂရမ်များကို အသုံးပြုနေ

တရုတ်အရာရှိများနှင့် နိုင်ငံပိုင် သတင်းဌာနများက ရှင်ကျန်းဒေသတွင် ဖြစ်ပွားနေသည့် လူအခွင့်အရေး ချိုးဖောက်မှုများကို အာရုံလွှဲနိုင်ရန် သတင်းမှားများ ဖြန့်ဖြူးရန် ဝါဒဖြန့်နိုင်ရန် လူမှု မီဒီယာများကို အသုံးပြုလျက် ရှိသည်။ 

တရုတ်ကွန်မြူနစ်ပါတီသည် နိုင်ငံဖြတ်ကျော်၍ ဒီဂျစ်တယ် စနစ်ဖြင့် ထိန်းချုပ်ပြီး နိုင်ငံပြင်ပမှလူများကို လှည့်စားနိုင်ရန် နည်းပညာကို အသုံးပြုလျက်ရှိကြောင်း Portal Plus သတင်းတွင် ဖော်ပြထားသည်။ 

စွပ်စွဲမှုများကို ကန့်ကွက်ရန်၊ အာရုံလွှဲရန်၊ ရှင်ကျန်းဒေသတွင် အများအပြားကို ဖမ်းဆီးခြင်း၊ အဓမ္မသားကြောဖြတ်ခြင်းနှင့်  လူနည်းစုများအပေါ် ယဉ်ကျေးမှုအရ နှိမ်ချခြင်း  အစရှိသည့် လူ့အခွင့်အရေး ချိုးဖောက်သည်ဆိုသော စွပ်စွဲချက်ထွက်ပေါ်လာမှုများကို တားဆီးဟန့်တားရန် ကွန်မြူနစ်ပါတီက ခေတ်မီ အဆင့်မြင့်သော အင်တာနက် မဟာဗျူဟာများကို အသုံးပြုနေသည်။

လူ့အခွင့်အရေးချိုးဖောက်သည်ဆိုသော ဝေဖန်မှုများကို တုံ့ပြန်ရာတွင် တရုတ်အစိုးရ ဝီဂါများနှင့် အခြား တူရကီ လူနည်းစု တိုင်းရင်းသားများအား ပိုမိုကောင်းမွန်စွာ ဆက်ဆံလာခြင်းမရှိဘဲ ပြည်တွင်းနှင့် ပြည်ပတို့တွင် နှုတ်ဆိတ်နေစေရန်နှင့် ရှင်ကျန်းအခြေအနေကို လုပ်ကြံဇာတ်များ ဖန်တီးရန် အစိုးရ ဝါဒဖြန့်ချိရေး ဌာနများ၊ လုံခြုံရေးအေဂျင်စီများနှင့် ပြည်သူ့ဆက်ဆံရေး လုပ်ငန်းများဖြင့် အသုံးချလျက်ရှိသည်။ 

လူမှုမီဒီယာကို အကျိုးရှာအသုံးချပြီး အမေရိကန်နိုင်ငံက အဓိက သိရှိနိုင်မည့်   သတင်းထုတ်ပြန်မှု နည်းလမ်းများကို ကွန်မြူနစ်ပါတီက  ပစ်မှတ်ထား လုပ်ဆောင်နေကြောင်း Portal Plus က ဖော်ပြထားသည်။

“တရုတ်ကွန်မြူနစ်ပါတီက ရှင်ကျန်းအရေးနှင့် ပတ်သက်၍ ဆက်သွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များမှ သက်ရောက်မှုများကို တွက်ချက်ခြင်း” အမည်ရှိ စာတမ်းနှင့် ပတ်သက်၍  လေ့လာတွေ့ရှိချက်တွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်အကြား ရှင်ကျန်းနှင့် ပတ်သက်၍ Facebook ပို့စ်ပေါင်း ၆၁၃၀၀၀၊ Twitter နှင့် ပြန်လည်မျှဝေမှုပေါင်း ၆ ဒသမ ၇၈ သန်းကို တွေ့ရှိခဲ့ရကြောင်း Portal Plus တွင် ဖော်ပြထားသည်။

ကွန်မြူနစ်ပါတီ၏ နိုင်ငံပိုင် မီဒီယာနှင့် သံတမန်များက ဝင်ရောက်ဆွေးနွေးမှုအများဆုံး ထိပ်ဆုံး Facebook ပို့စ် ၄၀၀အနက်  (မှတ်ချက်များနှင့် ပြန်လည်မျှဝေမှုများပါအဝင်) ၆၀ ဒသမ ၃ ရာခိုင်နှုန်းကို တင်ခဲ့ကြသလို ယင်းကဲ့သို့သော ထိပ်ဆုံး Twitter ပို့စ် ၁၀၀၀ အနက် ၅ ဒသမ၅ ရာခိုင်နှုန်းကို ၎င်းတို့ကပင် လုပ်ဆောင်ကြသည်။ ၎င်းတို့၏ ပို့စ်များအနက် အဆိုပါ လူမှုမီဒီယာ ပလက်ဖောင်းကို အလွဲသုံးစားလုပ်မှုကြောင့် Twitter က ၄ ရာခိုင်နှုန်းကို ပိတ်ပစ်ခဲ့သည်။ 

တရုတ်ကွန်မြူနစ်ပါတီ၏ လူ့အခွင့်အရေးချိုးဖောက်သည့် သတင်းအချက်အလက်ဖြန့်ဝေမှုများ၊ ဝါဒဖြန့်သည့် လုပ်ဆောင်ချက်များကို ဟန့်တားထိန်းချုပ်နိုင်ရန် အစိုးများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ အကြံပေးအဖွဲ့များ၊ လူမှုမီဒီယာ အသုံးပြုသူများအနေဖြင့်  တန်ပြန်ဆောင်ရွက်သင့်ကြောင်းလည်း Portal Plus က အကြံပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required