စားသောက်ဆိုင်၌ အမျိုးသမီးများ တိုက်ခိုက်ခံရမှုဖြစ်စဉ်မှ သံသယရှိသူ ၂၈ ဦးကို တရုတ်က တရားစွဲ

စားသောက်ဆိုင်၌ အမျိုးသမီးများ တိုက်ခိုက်ခံရမှုဖြစ်စဉ်မှ သံသယရှိသူ ၂၈ ဦးကို တရုတ်က တရားစွဲ

နိုင်ငံအတွင်း အမျိုးသမီးများကို ကြမ်းဖက်မှုကြောင့် အမျက်ဒေါသထွက်စေခဲ့သော ဖြစ်ရပ်ဖြစ်သည့် အမျိုးသမီးအုပ်စု အား ကိုယ်ထိလက်ရောက်တိုက်ခိုက်မှုမှ သံသယရှိသူ ၂၈ ဦးကို ရာဇဝတ်မှုဖြင့် တရားစွဲဆိုလိုက်ကြောင်း တရုတ်အစိုးရရှေ့နေများက ဩဂုတ် ၂၉ ရက်တွင် ပြောသည်။

ပေကျင်းမြို့တော်အရှေ့ဘက် တန်ရှန်းရှိ အသားကင်ဆိုင်တွင် အမျိုးသမီး ၄ ဦးကို အမျိုးသားအုပ်စုတစ်စုက ရိုက်နှက်သည့် ဗီဒီယိုဖိုင်သည် အွန်လိုင်းပေါ်တွင် ပျံ့နှံ့သွားခဲ့ကာ တရုတ်နိုင်ငံတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ပတ်သက်၍ ငြင်းခုံဆွေးနွေးမှုများ ပြန်လည်ပေါ်ပေါက်လာသည်။

ဟဲပေပြည်နယ်မှ အစိုးရရှေ့နေများက ယုံကြည်စိတ်ချရပြီး လုံလောက်သည့် သက်သေအထောက်အထားများ ရရှိပြီးနောက် တိုက်ခိုက်မှုတွင် တိုက်ရိုက်ပါဝင်ပတ်သက်သူ ၇ ဦးအပါအဝင် သံသယရှိသူများကို ဥပဒေကြောင်းအရ တရားစွဲဆိုမှု စတင်မည်ဖြစ်ကြောင်း ပြောသည်။

 Weibo၌ တင်ထားသော အဆိုပါထုတ်ပြန်ချက်တွင် ရာဇဝတ်မှုစွဲချက်အဖြစ်သတ်မှတ်ဖော်ပြထားခြင်းမရှိပေ။

အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုအပြီးတွင် တန်ရှန်အာဏာပိုင်များသည် မြို့တော်ဒုတိယရဲချုပ်နှင့် အခြားရဲအရာရှိ ၅ ဦးကို ထုတ်ပယ်ခဲ့ကာ  ရာဇဝတ်မှုများအား နှိမ်နင်းရန်လည်း လုပ်ဆောင်ခဲ့သည်။

အမျိုးသားကြီးစိုးသောအဖွဲ့အစည်း၏ ဖိအားများ၊ ကျယ်ပြန့်သောဆင်ဆာဖြတ်မှုများနှင့် တရားခံများအတွက် ဥပဒေအရထောက်ခံမှု ကောင်းကောင်းမရသည့်ကြားမှ အမျိုးသမီးဝါဒ ဆွေးနွေးမှုအကြောင်း ကြီးထွားလာသည်။

သို့သော် ၎င်းတိုက်ခိုက်မှုအား ကျား/ မအခြေု အကြမ်းဖက်မှု၏ ကြီးမားသော လက္ခဏာအဖြစ် အွန်လိုင်း၌ ရှုတ်ချပြောဆိုခြင်းများကို ဆင်ဆာဖြတ်တောက်ထားသည်။

တိုက်ခိုက်ခံရမှုပြီးနောက် အမျိုးသမီး ၂ ဦးကို ဆေးရုံတင်ခဲ့ရပြီး တခြား ၂ ဦးမှာ မစိုးရိမ်ရသည့် ဒဏ်ရာများ ရရှိထားကြောင်း အာဏာပိုင်များက ပြောသည်။

တရုတ်နိုင်ငံတွင် အိမ်တွင်းအကြမ်းဖက်မှုများမှာ နေရာအနှံ့ရှိပြီး တိုင်ကြားမှုများ မရှိကြောင်းနှင့် ထင်ရှားသော အမျိုးသမီးရေးဝါဒီများသည် ရဲများ၏ နှောင့်ယှက်မှုနှင့် ထိန်းသိမ်းမှုကို ပုံမှန်ကြုံတွေ့နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required