တရုတ်က ပါတီကွက်ဂရက်မတိုင်မီ ပြည်တွင်းဆင်ဆာဖြတ်တောက်မှုများနှင့် ပြည်ပ၌ ဝါဒဖြန့်မှုများကို အရှိန်မြှင့်လုပ်ဆောင်

တရုတ်က ပါတီကွက်ဂရက်မတိုင်မီ ပြည်တွင်းဆင်ဆာဖြတ်တောက်မှုများနှင့် ပြည်ပ၌ ဝါဒဖြန့်မှုများကို အရှိန်မြှင့်လုပ်ဆောင်

လက်ရှိအာဏာရ တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် ၎င်း၏ ၂၀ ကြိမ်မြောက် နိုင်ငံ့ကွန်ဂရက်မတိုင်မီတွင် ဝါဒဖြန့်ခြင်းနှင့် ဆင်ဆာဖြတ်တောက်ခြင်းများကို အရှိန်မြှင့်လုပ်ဆောင်နေသလို ပြည်တွင်း အင်တာနက်အသုံးပြုသူများကို ထိန်းချုပ်ကာ ၎င်း၏လုပ်ဇာတ်အကြောင်းအရာများကို ပြည်သို့ ဖြန့်ကြက်လျက်ရှိသည်။

တရုတ်မှ အာဏာသက်ရောက်မှုပြင်းသော ဆိုက်ဘာစီမံခန့်ခွဲရေးအဖွဲ့က လူမှုမီဒီယာအကောင့်ပေါင်း ၁ ဒသမ ၃၄ ဘီလီယံကို မကြာသေးမီက ပိတ်ပစ်ခဲ့ပြီး ပို့စ်ပေါင်း ၂၂ သန်းကို ဖျက်ပစ်ခဲ့သည်ဟု ဆိုသည်။

မှတ်ချက်များအပေါ် အခကြေးငွေပေးသည့် အကောင့်ပေါင်း ၅ သန်းကျော်ကိုလည်း စုံစမ်းစစ်ဆေးခဲ့ပြီး စကားပြောအဖွဲ့နှင့်ဖိုရမ်ပေါင်း ၄၅၀ ၀၀၀ ကိုလည်း ပိတ်ပင်ခဲ့သည်ဟု တာဝန်ရှိသူများက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သော ပို့စ်ပေါင်း သန်း ၂၀ ကျော်ကို ဖျက်ပစ်ခဲ့ကြောင်း လူမှုမီဒီယာပလက်ဖောင်း Weibo.comက ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ပြောဆိုလာခြင်းဖြစ်သည်။

ရှန်ယန်းမြို့မှ လူငယ်တစ်ဦးက တရုတ်၏ အင်တာနက်စာမျက်နှာပေါ်၌ လွတ်လွတ်လပ်လပ် ရင်ဖွင့်ပြောဆိုရန် နေရာမရှိသလို ခံစားရကြောင်း ပြောသည်။

“အခုချိန်မှာ လုံးဝ လွတ်လပ်မှုမရှိပါဘူး။ လွတ်လပ်မှုသာရှိရင် အွန်လိုင်းပေါ်မှာ စောင့်ကြည့်ခံရတာမျိုးတွေ ရှိမှာ မဟုတ်ဘူး” ဟု သူမက ဆိုသည်။

အလားတူ တရုတ်သံတမန်များကလည်း နိုင်ငံရပ်ခြားမှတာဝန်ရှိသူများအား ထိုင်ဝမ်သို့ မသွားရန် သတိပေးသည့် ဆောင်းပါးများကို ပြည်ပသတင်းစာများ၌ ရေးသားလျက်ရှိသည်။

ဒီမိုကရေစီနည်းကျ ဘဝပုံစံကို နှစ်သက်ကြသော လူဦးရေ ၂၃ သန်းခန့်နေထိုင်သည့် ထိုင်ဝမ်ကို တရုတ်ကွန်မြူနစ်ပါတီက တစ်ကြိမ်တစ်ခါမျှမအုပ်ချုပ်ခဲ့ဖူးသော်လည်း ၎င်းပိုင်နက်ဖြစ်ကြောင်း အခိုင်အမာပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly