ဒလိုင်းလားမားဓာတ်ပုံ လက်ဝယ်တွေ့ရှိမှုဖြင့် တိဗက်အမျိုးသားတစ်ဦးကို တရုတ်အာဏာပိုင်များက ဖမ်းဆီး

ဒလိုင်းလားမားဓာတ်ပုံ လက်ဝယ်တွေ့ရှိမှုဖြင့် တိဗက်အမျိုးသားတစ်ဦးကို တရုတ်အာဏာပိုင်များက ဖမ်းဆီး

တရုတ်အာဏာပိုင်များသည် အဝေးရောက်ဘုန်းတော်ကြီး ဒလိုင်းလားမား၏ဓာတ်ပုံကိုလက်ဝယ်တွေ့ရှိမှုဖြင့် တိဗက်အမျိုးသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း RFA သတင်းတွင် ဖော်ပြထားသည်။

နန်ချူကောင်တီ ဆာနီမြို့မှ ကာမာဆမ်ဒပ်ဆိုသူသည် ၁၄ ဆက်မြောက်ဒလိုင်းလားမား၏ ဓာတ်ပုံကို ၎င်း၏လည်ပင်းနှင့် ကားထဲတို့တွင် ချိတ်ဆွဲသဖြင့် ဩဂုတ် ၁၂ ရက်က ဖမ်းဆီးခံခဲ့ရကြောင်း အမည် မဖော်လိုသူအဝေးရောက်တိဗက်တစ်ဦးက RFA သို့ ပြောသည်။

“ဒါဟာ တရုတ်အစိုးရက တိဗက်လူမျိုးတွေကို နှိမ်နင်းတဲ့လှုပ်ရှားမှု တစ်စိတ်တစ်ပိုင်းပါ။ အခုအချိန်ထိ ဆမ်ဒပ် ဘယ်နေရာမှာရှိတယ်ဆိုတာ မသိရပါဘူး”

“မကြာသေးခင်က လာဆာမြို့မှာ အသွားအလာတင်းကျပ်ထားတဲ့ကြားက သူ အဖမ်းခံခဲ့ရတာပါ။ တရုတ် အစိုးရက သူတို့ကို ဒလိုင်းလားမားဓာတ်ပုံဆောင်ထားလို့ ခွဲထွက်မှုလုပ်ရပ်အတွက် ဖမ်းလိုက်တာပါ” ဟု သတင်းရင်းမြစ်က ဆိုသည်။

ပြင်းပြင်းထန်ထန်အရေးယူသည့် လှုပ်ရှားမှုသည် တရုတ်မှ တိဗက်ခွဲထွက်ရေးထောက်ခံသူများကို ပစ်မှတ်ထားသော တရုတ်အစိုးရ၏ ကြိုးပမ်းမှုတစ်ခုဖြစ်သည်။ အဆိုပါလှုပ်ရှားမှုကို ၁၉၉၆ ခုနှစ်တွင် စတင်ခဲ့ပြီး နိုင်ငံရေးနှင့်ဘာသာရေးလှုပ်ရှားမှုတွင် အကြမ်းမဖက်နည်းဖြင့် ပါဝင်သူများသည် လူများ ပျောက်ကွက်သွားခြင်း၊ နှိပ်စက်ခံရခြင်းနှင့် နှစ်ရှည်ထောင်ဒဏ်တို့ကို ခံစားခဲ့ကြရသည်ဟု နယူးယောက် အခြေစိုက် လူ့အခွင့်အရေးအဖွဲ့က ပြောသည်။

အစိုးရဌာနများတွင် အလုပ်လုပ်လိုသော တိဗက်များသည် အလုပ်ခန့်ခံရရေးအတွက် ဒလိုင်းလားမား နှင့်ဆက်နွှယ်မှုအားလုံးကို စွန့်လွှတ်ရမည်ဟု တရုတ်အာဏာပိုင်များက ညွှန်ကြားခဲ့ကြောင်း RFA က ဇန်နဝါရီလတွင် ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly