ရှင်ကျန်းဒေသ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကုလအစီရင်ခံစာက အတည်ပြုပြီးနောက် တရုတ် အခက်တွေ့ 

ရှင်ကျန်းဒေသ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကုလအစီရင်ခံစာက အတည်ပြုပြီးနောက် တရုတ် အခက်တွေ့ 

တရုတ်အစိုးရသည် ရှင်ကျန်းရှိ ဝီဂါမွတ်စလင်လူနည်းစုများကို ဖိနှိပ်ရာတွင် ပါဝင်ပတ်သက်ကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ထုတ်ဖော်ပြောဆိုပြီးနောက် ခက်ခဲသော အခြေအနေနှင့် ရင်ဆိုင်နေရသည်။
 နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နှင့် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ကိုယ်တိုင် ကြုံတွေ့ ခံစားခဲ့ရသော လူနည်းစုများ၏ အကြောင်းအရာအများစွာကို ဖော်ထုတ်ခဲ့ကာ ၎င်းအစီရင်ခံစာများက လူသား မျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုတွင် တရုတ်ပါဝင်ပတ်သက်ကြောင်း ပြသခဲ့သည်။

တရုတ်ထုတ်ကုန်များကို သပိတ်မှောက်ရန်နှင့် တရုတ်က ကျင်းပသော ပွဲတော်များကို သံတမန်နည်းအရ သပိတ်မှောက်ကြရန် ကမ္ဘာ့နိုင်ငံများစွာက တောင်းဆိုခဲ့ကြောင်း Geneva Dailyသတင်းတွင် ဖော်ပြထားသည်။

တရုတ်၏ ရှင်ကျန်းပြည်နယ်တွင် အဓမ္မလုပ်အားပေးခိုင်းစေမှုများ ဖြစ်ပွားနေကြောင်း ကောက်ချက်ချနိုင်သည် ဟု ကုလသမဂ္ဂအစီရင်ခံစာ၌ ဖော်ပြထားသည်။
 ဝီဂါ၊ ကာဇက်နှင့် တာကစ်အဖွဲ့များသည် တရုတ်အစိုးရမှ ပြဌာန်းထားသော အဓမ္မလုပ်အားပေးစနစ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဖိနှိပ်ချုပ်ချယ်ခြင်းနှင့် ရိုင်းစိုင်းသော ပြုမူဆက်ဆံမှုများကို ခံနေရကြောင်း အစီရင်ခံစာ တွင် ဖော်ပြထားသည်။
 

ရှင်ကျန်း၌ အဓမ္မလုပ်အားပေးခိုင်းစေမှုများ ဖြစ်ပွားနေကြောင်းကို ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ မျက်မှောက်ခေတ်ကျွန်ပြုမှုခေတ်ပြိုင်ပုံစံများဆိုင်ရာ အစီရင်ခံစာ၌ ကောက်ချက်ချရေးသားထားသည်ဟု တရုတ်သုတေသီ အန်ဒရီးယန်းဇန်းက အစီရင်ခံစာမိတ္တူနှင့်အတူ တွစ်တာ၌ ရေးသားထားသည်။

တရုတ်သည် ရက်စက်ကြမ်းကြုတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုဆိုင်ရာ စွဲချက်များကို ယခုအချိန်ထိ ငြင်းဆိုဆဲဖြစ်သည်။ တရုတ်သည် မီဒီယာများအား ၎င်းပြဿနာများကို လွတ်လပ်စွာ သတင်းရယူခွင့်မပေးခဲ့သလို  ဖိနှိပ်ခံလူနည်းစုများကိုလည်း ပြောဆိုခွင့် မပြုခဲ့ပေ။

တရုတ်သည် လူနည်းစုတိုင်းရင်းသားများ အားလုံးအဆင်ပြေနေကြောင်း ကမ္ဘာသို့အသိပေးရန် နိုင်ငံအသီးသီးမှ သံတမန်များကို ရှင်ကျန်းသို့လာရောက်ကြည့်ရှုစေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required