အာဆင်နယ်တွင်ခြေစွမ်းပြလာနိုင်သည့် အကြောင်းရင်းကို ဂီရော့ဒ်ထုတ်ပြော

အာဆင်နယ်တွင်ခြေစွမ်းပြလာနိုင်သည့် အကြောင်းရင်းကို ဂီရော့ဒ်ထုတ်ပြော

ဖေဖော်ဝါရီ ၂၀၊ လန်ဒန် ။           ။ အသင်းအတွက် အခြားတိုက်စစ်မှူး တစ်ဦးလိုအပ်နေပြီ ဆိုသည့်စကားက ခြေစွမ်းအတွက်လှုံဆော်မှုဖြစ်စေခဲ့သည်ဟု အာဆင်နယ်တိုက်စစ်မှူး ဂီရော့ဒ်က ဝန်ခံပြောဆိုလိုက်သည်။

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးသည် ယခုနှစ်တွင်အာဆင်နယ်အသင်းအတွက်ပြိုင်ပွဲစုံ ၁၈ ဂိုးသွင်းထားပြီး ပရီးမီးယားလိဂ်၊ အက်ဖ်အေနှင့် ချန်ပီယံလိဂ် ချန်ပီယံလမ်းကြောင်းပေါ်ဆက်ရှိနေအောင် ကူညီပေးထားသည်။

အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက ဂီရော့ဒ်အပေါ်ယုံကြည်နေသည့်တိုင် အာဆင်နယ်ပရိသတ်အများစုက အသင်း၏ရှေ့တန်းတွင် ကမ္ဘာ့အဆင့်တိုက်စစ်မှူးရှားပါးနေသည်ဟု ယုံကြည်နေကြသည်။
ယင်းမှာမှားယွင်းကြောင်းသက်သေပြရန် အသက် ၂၉ နှစ်အရွယ်တိုက်စစ်မှူးအတွက် တွန်းအားတစ်ရပ်ဖြစ်လာခဲ့ခြင်းဖြစ်သည်။

"အဲဒါက တွန်းအားဖြစ်စေခဲ့တာပါ။ ခင်ဗျားသက်သက်သာသာအခြေအနေဖြစ်နေရင် ခင်ဗျားဆီကအကောင်းဆုံးခြေစွမ်းကိုမြင်ရဖို့ မလွယ်လောက်ဘူးလေ။
ဒါကြောင့်တစ်ခါတရံမှာတော့ ကောလာဟလေတွေက ကိုယ့်နေရာနဲ့ထိုက်တန်ကြောင်းသက်သေပြဖို့ အထောက်အကူဖြစ်စေပါတယ်။ ဒါက အလုပ်ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ"ဟု ဂီရော့ဒ်က ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly