ရွန်နီ တရုတ်စူပါလိဂ်သို့ ပြောင်းရွှေ့မည် မဟုတ်

ရွန်နီ တရုတ်စူပါလိဂ်သို့ ပြောင်းရွှေ့မည် မဟုတ်

မန်ချက်စတာ၊ ဖေဖော်ဝါရီ ၂၀ ။           ။ တိုက်စစ်မှူး ရွန်နီကို တရုတ်စူပါလိဂ်ကလပ်အသင်းတစ်သင်းက ခေါ်ယူရန် ကမ်းလှမ်းထားသည်ဆိုသော သတင်းများမှာ မဟုတ်မှန်ကြောင်း စကိုင်းစပို့ သတင်းဌာနက ဖော်ပြခဲ့သည်။

တရုတ်စူပါလိဂ်မှ ရှန်ဟိုင်းရှန်ဟွာအသင်းသည် ရွန်နီကို တစ်ပတ်လုပ်ခလစာငွေ ပေါင်ငါးသိန်း ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်းဖြင့် သုံးနှစ်စာချုပ် ချုပ်ဆိုမည်ဟု သတင်းများက ဖော်ပြခဲ့ကြသည်။ ယင်းအပြောင်းအရွှေ့တန်ကြေးမှာ ပေါင်သန်း ၁၀၀ ခန့် ရှိမည် ဖြစ်သည်။

သို့သော် စကိုင်းစပို့ သတင်းဌာန၏ သတင်းရင်းမြစ်တစ်ခုက ရွန်နီကို ခေါ်ယူရန် မည်သည့်ကမ်းလှမ်းမှုမှ မန်ယူအသင်း ရရှိခဲ့ခြင်းမရှိဟု အတည်ပြုခဲ့သည်။

တရုတ်စူပါလိဂ်၏ အပြောင်းအရွှေ့သည် လာမည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ ပိတ်သိမ်းမည် ဖြစ်သည်။ ယင်းလိဂ်မှ ထိပ်တန်းအသင်းများသည် ဥရောပမှ ထိပ်တန်းကစားသမားများကို ပြောင်းရွှေ့ကြေးနှင့် လစာငွေများစွာ ပေး၍ ခေါ်ယူလျက်ရှိရာ ရွန်နီကို လာမည့်နွေရာသီတွင် ခေါ်ယူမည်ဟုလည်း သတင်းများ ထွက်ခဲ့ခြင်း ဖြစ်သည်။

ရွန်နီသည် လက်ရှိတွင် မန်ယူ၌ လစာငွေ ပေါင် ၂၆၀,၀၀၀ ရရှိနေပြီး သတင်းများတွင် ဖော်ပြခဲ့သည့်အတိုင်း တရုတ်စူပါလိဂ်သို့ ပြောင်းရွှေ့ဖြစ်ခဲ့ပါက လစာငွေ နှစ်ဆ ရရှိမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly