တရုတ်တွင် အမျိုးသမီးများအပေါ် ရာဇဝတ်မှုကျူးလွန်မှုများပြားလာခြင်းကြောင့် ဆူပူအုံကြွမှုများ ရုတ်ချည်းမြင့်တက်လာ

တရုတ်တွင် အမျိုးသမီးများအပေါ် ရာဇဝတ်မှုကျူးလွန်မှုများပြားလာခြင်းကြောင့် ဆူပူအုံကြွမှုများ ရုတ်ချည်းမြင့်တက်လာ

တရုတ်နိုင်ငံတွင် အမျိုးသမီးများအပေါ် ရာဇဝတ်မှုကျုးလွန်မှုများ မြင့်တက်လာမှုနှင့်အတူ တရုတ်ကွန်မြူနစ် ပါတီ(CCP)သည် အမျိုးသမီးများ၏အခွင့်အရေးနှင့်စပ်လျဉ်း၍ကာကွယ်ပေးမှုမရှိသဖြင့် နိုင်ငံအတွင်း ကြီးထွားလာသော မငြိမ်သက်မှုများကို အသိအမှတ်ပြုရန်နှင့် အမျိုးသား၊ အမျိုးသမီး တန်းတူ ညီမျှခွင့် နှင့်တရားမျှတမှုကို လေးစားရန် ဖိအားပေးခံနေရသည်။

ယခုနှစ် ဇန်နဝါရီလက ကလေး ၈ ယောက်မိခင်အမျိုးသမီးတစ်ဦး လည်ပင်းတွင် သံကြိုးချည်ခံထားရသော ပို့စ်ကြောင့် နိုင်ငံအတွင်း မငြိမ်သက်မှုများ ဖြစ်စေခဲ့ပြီး ပြောင်းလဲမှုလှိုင်းတစ်ခုမြင်တွေ့ခဲ့ရသည်။

ထိုဖြစ်ရပ်ပြီးနောက် လူစည်ကားသော စားသောက်ဆိုင်တစ်ဆိုင်တွင် အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦး၏ ကျောကို သွားကိုင်ရာမှ အချင်းများပြီး ၎င်းအမျိုးသားအဖွဲ့က အမျိုးသမီးအဖွဲ့ကို တိုက်ခိုက်ကာ ရိုက်နှက်ခဲ့ကြသည့် ဗီဒီယိုမှတ်တမ်းကလည်း နိုင်ငံအတွင်း အုတ်အော်သောင်းတင်းဖြစ်သွားခဲ့သည်ဟု Singapore Postက ဖော်ပြသည်။

တရုတ်နိုင်ငံရေးတွင် အမျိုးသမီးများ ကိုယ်စားပြုမှုလက်ရှိအခြေအနေနှင့်စပ်လျဉ်း၍ ယမန်နှစ်က ပြုလုပ်ခဲ့သော Al Jazeera၏ စစ်တမ်းတစ်ခုတွင် အဖွဲ့ဝင် ၉၂ သန်းနီးပါးရှိသည့် CCPပါတီတွင် အမျိုးသမီးအရေအတွက်မှာ ၂၈ သန်းအောက်သာရှိပြီး ၃၀ ရာခိုင်နှုန်းအောက်သာ ရှိကြောင်း ဖော်ပြထားသည်။ အမျိုးသားပြည်သူ့ကွန်ဂရက်တွင် လည်း အမျိုးသမီးအရေအတွက်မှာ ၅ ပုံ ၁ ပုံသာ ပါဝင်သည်။

ထို့ပြင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နှင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၂ ရက်ကြားတွင် အမျိုးသမီးများ၏ အခွင့်အရေး နှင့် အကျိုးစီးပွားကာကွယ်ရေးဆိုင်ရာ တရုတ်ဥပဒေကို  ပြင်ဆင်ချက်အဆိုပြုချက်များ လုပ်ဆောင်နိုင်ရန် ပြည်သူများအားလမ်းဖွင့်ပေးခဲ့သည်။ 

၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ပထမအကြိမ် ညှိနှိုင်းမှု၌ လူပေါင်း ၈၅ ၂၂၁ ဦးပါဝင်ခဲ့ပြီး ပြင်ဆင်ချက် အဆိုပြုမှုပေါင်း ၄၂၃ ၇၁၉ ခုရှိခဲ့ကာ ဆွေးနွေးညှိနှိုင်းမှုကာလအတွင်း အဆိုပြုချက်အများဆုံး ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း Singapore Postကဖော်ပြသည်။

ဒုတိယအကြိမ် ပြင်ဆင်မှုအဆိုပြုချက် နောက်ဆုံးရက်မှာ ၂၀၂၂ ခုနှစ် မေလ ၁၉ ရက်က ပြီးဆုံးသွားခဲ့ပြီး နိုင်ငံအတွင်း အမျိုးသမီးများ၏အခြေအနေနှင့်အခွင့်အရေးတိုးတက်လာနိုင်မည့် ရလဒ်များအတွက် တရုတ်အမျိုးသမီးများက ဆက်လက်စောင့်ဆိုင်းလျက်ရှိသည်။


နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly