တရုတ် လူငယ်အလုပ်လက်မဲ့နှုန်း ၁၉ ဒသမ ၉ ရာခိုင်နှုန်းအထိ စံချိန်တင်မြင့်မား

တရုတ် လူငယ်အလုပ်လက်မဲ့နှုန်း ၁၉ ဒသမ ၉ ရာခိုင်နှုန်းအထိ စံချိန်တင်မြင့်မား

တရုတ်တွင် လူငယ်အလုပ်လက်မဲ့နှုန်းသည် ၁၉ ဒသမ ၉ ရာခိုင်နှုန်းအထိ စံချိန်တင်မြင့်မားခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရို (NBS) ကို ကိုးကား၍ မီဒီယာများက ဖော်ပြလိုက်သည်။

ပညာရေးဝန်ကြီးဌာနကို ကိုးကားပြီး တရုတ်ပြည်တွင်းမီဒီယာပေါ်တယ် Global Times က ၂၀၂၂ခုနှစ်တွင် ကောလိပ်မှ ဘွဲ့ရသူဦးရေ ၁၀ ဒသမ ၇၆ သန်းအထိရှိနိုင်ပြီး ၂၀၂၁ခုနှစ်ကထက် ၁ ဒသမ ၆၇ သန်း ပိုများ လာကာ ပထမအကြိမ်အဖြစ် ၁၀ သန်းကျော်လာခြင်းဖြစ်ကြောင်း မှတ်ချက်ပြုထားသည်။

ဇူလိုင်လတွင် စစ်တမ်းကောက်ယူမှုအရ မြို့ပြအလုပ်လက်မဲ့နှုန်းမှာ ၅ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး ဇူလိုင်လနှင့် နှိုင်း ယှဉ်ပါက ဝ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း NBS မှ ပြောရေးဆိုခွင့်ရှိသူ ဖူလင်းဟွေက သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

မြို့ပြအလုပ်လက်မဲ့နှုန်းမှာ ဧပြီလတွင် ၆ ဒသမ ၁ ရာခိုင်နှုန်း၊ မေလတွင် ၅ ဒသမ ၉ ရာခိုင် နှုန်းနှင့် ဇွန်လတွင် ၅ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့သည်။

ဇွန်လတွင် ၁၉ ဒသမ ၃ ရာခိုင်နှုန်း၊ မေလတွင် ၁၈ ဒသမ ၄ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက လူငယ်အလုပ် လက်မဲ့ နှုန်းသည် ဇူလိုင်လတွင် ၁၉ ဒသမ ၉ ရာခိုင်နှုန်းအထိ စံချိန်တင်မြင့်တက်ခဲ့သည်။ 

လူငယ်အလုပ်အကိုင်အတွက် အသက် ၁၆ နှစ်မှ ၂၄ နှစ်ကြားရှိ လူငယ်များကို စာရင်းပြုစုထားခြင်းဖြစ်သည်။ ဇူလိုင်လသည် ဘွဲ့နှင်းသဘင်ရာသီဖြစ်ပြီး ဘွဲ့ရသူအများအပြားသည် ပထမဆုံးအကြိမ်အဖြစ် အလုပ်သမား ဈေးကွက်သို့ ဝင်ရောက်လာသဖြင့် လူငယ်များအကြား အလုပ်လက်မဲ့နှုန်းကို မြင့်တက်စေ ခဲ့သည်ဟု ဖူက ပြောသည်။

ထို့ပြင် ကိုဗစ်ကူးစက်ရောဂါ၏ သက်ရောက်မှုကြောင့် စီးပွားရေးလုပ်ငန်းများသည် လူသစ်ခေါ်ယူမှု အရှိန် အဟုန်ကို နှေးကွေးစေခဲ့သည်။

အထူးသဖြင့် အဆင့်မြင့်စက်မှုလုပ်ငန်း ပြန်လည်ဦးမော့လာမှု နှေးကွေးခြင်းက လူငယ်များ၏ အလုပ်အကိုင်ရရှိ ရေး အခက်ကြုံစေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly