ဂျာမနီက တရုတ်အပေါ် မှီခိုမှု အရှိန်အဟုန်ဖြင့် မြင့်တက်နေ

ဂျာမနီက တရုတ်အပေါ် မှီခိုမှု အရှိန်အဟုန်ဖြင့် မြင့်တက်နေ

ဂျာမနီအစိုးရအနေဖြင့် တရုတ်အစိုးရနှင့် ခပ်ကင်းကင်းနေရန် နိုင်ငံရေးအရ ဖိအားများရှိနေသော်လည်း ဂျာမနီနိုင်ငံ၏ စီးပွားရေးသည် တရုတ်နို်ငငံအပေါ်မှီခိုမှုမှာ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင် ပိုမို များပြား လာခဲ့ရာတွင် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး လိုငွေပြမှုသည် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း  သုတေသနလေ့လာမှုတစ်ခုကို Reuters သတင်းဌာနက  ဖော်ပြထားသည်။

ထို့ပြင် ဂျာမနီ၏ တရုတ်သို့ ပို့ကုန် တိုးတက်မှုသည်လည်း သိသာစွာ အားနည်းသွားခဲ့ကြောင်း ဂျာမနီ စီးပွားရေးသိပ္ပံ (IW) က လေ့လာတွေ့ရှိခဲ့သည်။ 

“ဂျာမနီရဲ့ စီးပွားရေးက တရုတ်အပေါ်မှာ ပိုမိုမှီခိုလာရပါတယ်” ဟု လေ့လာမှုကို ပြုစုရေးသားခဲ့သည့် ဂျူဂျန် မာသက်စ်က ဖော်ပြထားသည်။

ယူကရိန်းစစ်ပွဲအပေါ်တွင် တရုတ်၏ ရပ်တည်ချက်နှင့် ထိုင်ဝမ်ကို စစ်ရေးအရ ခြိမ်းခြောက်မှုများကြောင့် ဂျာမနီ၏ စီးပွားရေးသည် တရုတ်နှင့်အတူ စိစစ်စုံစမ်းမှုများ ကြုံလာရချိန်တွင် ယခုကဲ့သို့ ဂျာမနီက ပိုမိုမှီခိုလာရခြင်းက နိုင်ငံရေးအရ ပြဿနာတစ်ခုဖြစ်လာကြောင်းလည်း စာရေးသူက သတိပေးထားသည်။ 

“ဒီလို အန္တရာယ်တွေနဲ့ ပြဿနာတွေ ရှိနေပေမယ့် တရုတ်အပေါ် စီးပွားရေးအရ မှီခိုမှုဟာ ၂၀၂၂ ပထမနှစ်ဝက်မှာ အရှိန်အဟုန်နဲ့ကို ကျဆင်းနေပါတယ်” ဟုလည်း ၎င်းက ပြောကြားသည်။

ဂျာမနီက တရုတ်တွင် ရင်းနှီးမြှုပ်နှံမှုသည် ယခုနှစ် ဇန်နဝါရီမှ ဇွန်လအတွင်း ယူရို ၁၀ ဘီလီယံ (ဒေါ်လာ ၁၀ ဒသမ ၀၉ ဘီလီယံ) ရှိခဲ့ကာ ယခင် ပထမနှစ်ဝက်ထက် သိသာစွာ မြင့်တက်ခဲ့သည်။

“တရုတ်ရဲ့ အရောင်းဈေးကွက်နဲ့ အမြတ်အစွန်းက ကာလတိုအတွင်းမှာပဲ များပြားခဲ့တယ်” ဟုလည်း မာသက်စ်က ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required