Gong Yoo နှင့် Jeon Do-yeon ၎င်းတို့နှစ်ဦး ပါဝင်သရုပ်ဆောင်ထားသော အချစ်ရုပ်ရှင် နှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်သွားမည်

Gong Yoo နှင့် Jeon Do-yeon ၎င်းတို့နှစ်ဦး ပါဝင်သရုပ်ဆောင်ထားသော အချစ်ရုပ်ရှင် နှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်သွားမည်

တောင်ကိုရီးယားမင်းသား Gong Yoo နှင့် မင်းသမီး Jeon Do-yeon တို့သည်  ၎င်းတို့နှစ်ဦး ပါဝင် သရုပ်ဆောင်ထားသော “A Man and a Woman” ရုပ်ရှင်ကားအကြောင်းကို V app တွင် ပါဝင်ဆွေးနွေးသွားမည် ဖြစ်သည်။

မင်းသား Gong Yoo နှင့် မင်းသမီး Jeon Do-yeon တို့သည် Naver အွန်လိုင်းကပြုလုပ်သော ရုပ်ရှင်ဆွေးနွေးမှု အထူးအစီအစဉ်တွင် တတ်ရောက်သွားမည်ဖြစ်ပြီး အဆိုပါ ရုပ်ရှင်နှင့် နောက်ခံ အကြောင်းအရာများကို ဆွေးနွေးမှုများ ပြုလုပ်ရန် ပရိတ်သတ်များနှင့် တွေ့ဆုံသွားမည် ဖြစ်သည်။

အဆိုပါ ရုပ်ရှင်ကားကို ဒါရိုက်တာ လီယွန်ကီက ကီဟောင်နှင့် ဆောင်မင်တို့အကြား အချစ် ဇာတ်လမ်းကို ပုံဖော်ထားသည့် ဇာတ်ကြောင်းကို ပြောပြသွားမည်ဖြစ်သည်။ ကီဟွန်သည် ဗိသုကာ ပညာရှင် တစ်ဦးဖြစ်ကာ ဖင်လန်နိုင်ငံ ဟေးလ်ဆန်ကီမြို့တွင် ဇနီးဖြစ်သူ သမီးဖြစ်သူတို့နှင့်အတူ နေထိုင်ပြီး ဆောင်မင်သည် ဒီဇိုင်နာတစ်ဦးဖြစ်ကာ သားဖြစ်သူ ပညာရေးအတွက် နော်ဒစ်တွင် နေထိုင်နေ သူတစ်ဦး ဖြစ်သည်။

ကီဟွန်နှင့် ဆောင်မင်တို့သည် မထင်မှတ်ဘဲ တွေ့ဆုံခဲ့ကြရာမှ မေတ္တာသက်ဝင်ခဲ့ပုံကို ပုံဖော် ရိုက်ကူးထားသည့် ရုပ်ရှင်ကား ဖြစ်သည်။ ကီဟွန်အဖြစ်  Gong က သရုပ်ဆောင်ထားပြီး ဆောင်မင် အဖြစ် Jeon က သရုပ်ဆောင်ထားသည်။ အဆိုပါ ရုပ်ရှင်ကားကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ရုပ်ရှင်ရုံများတွင် ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags