အကျင့်ပျက်ခြစားမှုကို ကိုင်တွယ်ရာတွင် မိမိတို့၏ မိသားစုဝင်များကို စောင့်ကြည့်ရန် CCP ပါတီက ကေဒါများကို ပြောကြား

By ANI
23 August 2022
အကျင့်ပျက်ခြစားမှုကို ကိုင်တွယ်ရာတွင် မိမိတို့၏ မိသားစုဝင်များကို စောင့်ကြည့်ရန် CCP ပါတီက ကေဒါများကို ပြောကြား

တရုတ်တွင် ပါတီကေဒါများက မိသားစုဝင်များကို စောင့်ကြည့်ပြီး ၎င်းတို့၏ စီးပွားရေးလုပ်ငန်းအချို့ကို သတင်းပို့ရန် အမိန့်ထုတ်ပြန်ထားသလို ကေဒါများက အမိန့်အသစ်ကို လိုက်နာရန် ပျက်ကွက်ပါက ရာထူးတိုးမြှင့်ခံရမည်မဟုတ်သောကြောင့် အကျင့်ပျက်ခြစားမှုခေါင်းစဉ်အောက်တွင် တရုတ်ကွန်မြူနစ်ပါတီ (CCP) က ပါတီကေဒါများကို တင်းကျပ်စွာ ထိန်းချုပ်ထားသည်။

အဆိုပါ လမ်းညွှန်ချက်ကြောင့် ပါတီသည် မိသားစုဝင်များ၏ လှုပ်ရှားမှုများအတွက် ကေဒါများကို တာဝန်ယူ ခိုင်းသလိုဖြစ်နေသည်ဟု Portal Plus က သတင်းဖော်ပြခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ၏ ထိပ်တန်းကေဒါများ၏ အိမ်ထောင်ဖက်များနှင့် သားသမီးများက မည်သို့သော စီးပွား ရေးမျိုး လုပ်ဆောင်ရမည်ကို ပါတီက ဆုံးဖြတ်ထားခြင်းသည် လူ့အခွင့်အရေး ကို ဗြောင်ကျကျ ချိုးဖောက်ခြင်း ဖြစ်သည်။

"အစိုးရအရာရှိများသည် တရားဝင်ရာထူးများကို အသုံးချကာ ချမ်းသာအောင် ပြုလုပ်ခြင်းက နိုင်ငံတော်၏ တရားဝင်မှုနှင့် ပါတီအဖွဲ့အစည်း၏ ထိရောက်မှုကို မည်သို့ ပျက်ပြားစေသည့်အကြောင်း" ဖြစ်သည်ဟု Portal Plus မီဒီယာက ဖော်ပြခဲ့သည်။

“ယခုညွှန်ကြားချက်သည် ပါတီအဖွဲ့ဝင်များကို တင်းကျပ်စွာထိန်းချုပ်ကာ ပါတီ၏ စည်းကမ်းပိုင်း ဆိုင်ရာ ယန္တာရားများကို တိုးချဲ့မှုကို အခြေခံသည့် ရှီကျင့်ဖျင်လက်ထက်တွင် အဂတိလိုက်စားမှုကို ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်း တစ်ခုဖြစ်သည်” ဟု တရုတ်ကွန်မြူနစ်ပါတီက ပြောဆိုခြင်းဖြင့် အဆိုပါစည်းမျဉ်းကို လိုက်နာရန် ဆွဲဆောင်လျက်ရှိသည်။

ယင်းအမိန့်အသစ်သည် "ပုဂ္ဂလိကရှယ်ယာရန်ပုံငွေလုပ်ငန်းတစ်ခုလုပ်ဆောင်ခြင်း သို့မဟုတ် တာဝန်ရှိသူများ နှင့် မူဝါဒ လွှမ်းမိုးလိုသူများကြားတွင် အခကြေးငွေယူ၍ ကြားခံအောင်ရွက်ခြင်းကဲ့သို့သော ထိပ်တန်းကေဒါများ ၏ မိသားစုဝင်များ၏ စီးပွားရေးဆိုင်ရာလှုပ်ရှားမှုအချို့ကို တားမြစ်ထားသည်။

ထိပ်တန်းကေဒါများနှင့် ပတ်သက်သည့် သတင်းများကို "လက်လှည့်သင့်သလို စစ်ဆေးပြီး အတည်ပြုမည်" ဟု မီဒီယာ ပေါ်တယ်မှ ဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly