အမေရိကန်နှင့် ထိုင်ဝမ်တို့၏  ကုန်သွယ်ရေး ဆွေးနွေးပွဲကို တရုတ်က ပြင်းထန်စွာ ကန့်ကွက် 

အမေရိကန်နှင့် ထိုင်ဝမ်တို့၏  ကုန်သွယ်ရေး ဆွေးနွေးပွဲကို တရုတ်က ပြင်းထန်စွာ ကန့်ကွက် 

အမေရိကန်နှင့် ထိုင်ဝမ်ကြား ကုန်သွယ်ရေး ဆွေးနွေးပွဲကို ပြတ်ပြတ်သားသား ကန့်ကွက်ခဲ့သလို  နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများကို ခိုင်မြဲစွာ ကာကွယ်ရန် လိုအပ်သည့် အစီအမံအားလုံးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်အစိုးရကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက  သြဂုတ် ၁၈ ရက်တွင် ထုတ်ပြန်လိုက်သည်။

ထိုင်ဝမ်နှင့် အမေရိကန်တို့က ပဏာမခြေလှမ်းသစ်အနေဖြင့် ကုန်သွယ်ရေးဆွေးနွေးပွဲကို စတင်မည်ဟု ပြောကြား ထား သည်။

နိုင်ငံခြားတိုင်းပြည်များနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွင် တရုတ်တစ်နိုင်ငံမူဝါဒသည် ထိုင်ဝမ်အတွက် မဖြစ်မနေလိုအပ်ကြောင်း ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ရှု့ကျဲ့တင်က ပုံမှန်သတင်း စာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တရုတ်က  ပိုင်နက်နယ်မြေခိုင်မာမှုကို ကာကွယ်ရန် ပြတ်ပြတ်သားသား အစီအမံများ လုပ်ဆောင် မည် ဖြစ်ပြီး မှားယွင်းစွာ အကဲမဖြတ်ရန် အမေရိကန်အား တိုက်တွန်းထားကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာနက သြဂုတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ထိုင်ဝမ်ကို အမေရိကန်၏ ထောက်ခံမှု တိုးမြင့်လာမှု၏ နောက်ထပ် လက္ခဏာတစ်ရပ်အနေဖြင့် စီးပွားရေးအရ အဓိပ္ပာယ်ပြည့်ဝသော ရလဒ်များနှင့်အတူ သဘောတူညီချက်များ ရယူလိုကြောင်း ပြောကြားကာ ကုန်သွယ် ရေး ဆိုင်ရာ ဆွေးနွေးပွဲသစ်တစ်ရပ်ကို စတင်ရန် သြဂုတ် ၁၇ ရက်က ထိုင်ဝမ်နှင့် အမေရိကန်တို့က သဘော တူခဲ့ကြ သည်။

နှစ်ဖက်ညှိနှိုင်းရေးလုပ်ပိုင်ခွင့်အတွက် သဘောတူညီမှုရရှိထားပြီး ဆွေးနွေးပွဲပထမအကျော့ကို ယခုဆောင်းဦး ပေါက်အစောပိုင်းတွင် ကျင်းပနိုင်မည်ဟု မျှော်လင့်ထားကြောင်း အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံး က ပြောကြားခဲ့သည်။ 

"တရားမျှတပြီး ပိုမိုသာယာဝပြောကာ ထိခိုက်ခံနိုင်သည့် ၂၁ ရာစုစီးပွားရေးကို တည်ဆောက်ရာတွင် စေ့စပ်ညှိနှိုင်း ခွင့်ရှိကာ ကုန်သွယ်ရေးနယ်ပယ် ၁၁ ခုကို လွှမ်းခြုံထားသည့် အဓိပ္ပာယ်ပြည့်ဝသောရလဒ်များနှင့် စံသတ်မှတ်နှုန်းမြင့်သည့် ကတိ ကဝတ်များရရှိရေးအတွက် ရည်မှန်းချက်ကြီးမားသော အချိန်ဇယားကို အကောင်အထည်ဖော်ရန် စီစဉ်ထားသည်" ဟု ဒုတိယအမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ဆာရတ်က ကြေညာချက်တွင် ဖော်ပြထား သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly