ဂလေဇာကို မန်ယူပရိသတ်တွေ ချီတက်ဆန္ဒပြ

ဂလေဇာကို မန်ယူပရိသတ်တွေ ချီတက်ဆန္ဒပြ

မန်ချက်စတာယူနိုက်တက် ပရိသတ်တွေဟာ တနင်္လာနေ့က လီဗာပူးလ်နှင့် ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်ခင် ဆိုးရွားတဲ့ ရာသီစတင်မှုအတွက် ကလပ်ပိုင်ရှင် ဂလေဇာမိသားစုကို အိုးလ်ထရက်ဖို့ဒ်သို့ ချီတက်ဆန္ဒပြရာမှာ အပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

နည်းပြသစ် အဲရစ်တန်ဟဂ်ရဲ့ ပထမဆုံးနှစ်ပွဲမှာ ဘရိုက်တန်နဲ့ ဘရန့်ဖို့ဒ်တို့ကို ရှုံးနိမ့်ခဲ့တာက ဒီအပတ်မကစားခင် နှစ် ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် သရဲနီတို့ လိဂ်အောက်ဆုံးထိ ရောက်သွားခဲ့ပါတယ်။

ရာနဲ့ချီတဲ့ ပရိသတ်တွေက 'United for $ale' ဆိုတဲ့ ရေးထားတဲ့ စာတမ်းနောက်ကနေ ချီတက်လာရင်း "ဂလေဇာ ထွက်သွား"လို့ ကြွေးကြော်ခဲ့ပါတယ်။

ဂလေဇာတွေ ပိုင်စိုးမှုကို ဆန့်ကျင်တဲ့ သင်္ကေတဖြစ်လာတဲ့ Newton Heath ကလပ်ဟောင်းရဲ့ အစိမ်းနဲ့ ရွှေဝါရောင်ပါ အလံတွေနဲ့ ပဝါတွေကို အများက ဝတ်ဆင်ခဲ့ကြပါတယ်။ အသင်းကို Newton Heath လို့ ၁၈၇၈ မှာ စတင်တည်ထောင်ခဲ့ပြီး ၂၄ နှစ်အကြာမှာ မန်ချက်စတာယူနိုက်တက်ဖြစ်လာခဲ့တာပါ။

ဒါပေမယ့်လည်း အိုးထရက်ဖို့မှာ ပရိတ်သတ်မရှိအေအာင် ပွဲစဉ်ကို သပိတ်မှောက်ခြင်းဖြင့် ယူနိုက်တက်ပရိသတ်တွေကို အားပေးတဲ့ ဆိုရှယ်မီဒီယာကမ်ပိန်းဟာ အကောင်အထည်မပေါ်ခဲ့ပါဘူး။

ဂန္ထဝင်နည်းပြဟောင်း အဲလက်စ်ဖာဂူဆန်ဟာ ၂၀၁၃ မှာ အနားယူခဲ့ပြီးနောက် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခြင်းမရှိခဲ့ဘဲ ၂၀၁၇ ကတည်းက ဘယ်အဓိကဆုဖလားကိုမဆို ရယူနိုင်ခြင်းမရှိခဲ့ပါဘူး။

ဂလေဇာဟာ ယူနိုက်တက်ကို ၂၀၀၅ မှာ အငြင်းပွားဖွယ်ရာ လွှမ်းမိုးမှုဖြင့် ရယူခဲ့ပြီးနောက်ပိုင်း ကလပ်အသင်းကို ပေါင်သန်းရာနှင့်ချီပြီး အကြွေးတင်ထားပါတယ်။

ပြီးခဲ့တဲ့ ၁၇ နှစ်အတွင်း စတာလင်ပေါင် သန်း ၈၀၀ (အမေရိကန်ဒေါ်လာ ၉၄၆ သန်း) ရှိတဲ့ ကြီးမားတဲ့ အတိုးပေးချေမှုတွေကို အင်္ဂလန်ဘီလူကြီးတွေက ပေးချေနေရပေမယ့် ဂလေဇာတို့ဟာ သူတို့ရဲ့ရှယ်ယာတွေကနေ အမြတ်ဝေစုသန်းပေါင်းများစွာကို ပုံမှန်ထုတ်ယူနေကြဆဲဖြစ်ပါတယ်။

ဥရောပစူပါလိဂ်ဖွဲ့စည်းဖို့ မန်ယူနဲ့ လီဗာပူးလ်တို့ နှစ်သင်စလုံးကနေ မအောင်မြင်တဲ့ ကြိုးပမ်းမှုအပြီးမှာ ပရိသတ်တွေက ကွင်းအတွင်းကို ဝင်ရောက်စီးနင်းမှုကြောင့် လီဗာပူးလ်ရဲ့ပွဲစဉ်ကို ရွေ့ဆိုင်းခဲ့ရချိန် ဆန္ဒပြပွဲတွေရဲ့ အထင်ရှားဆုံးအချိန်ဟာ ၂၀၂၁  မေလမှာ ဖြစ်လာခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly