တရုတ် စမတ်ဖုန်းများ၏ ရွှေခေတ် ကုန်ဆုံးတော့မည်

တရုတ် စမတ်ဖုန်းများ၏ ရွှေခေတ် ကုန်ဆုံးတော့မည်

တရုတ် စမတ်ဖုန်းများ၏ ရွှေခေတ် ကုန်ဆုံးတော့မည်ဖြစ်သည်။

ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းဈေးကွက်သည် အကျပ်အတည်းဆိုက်နေပြီဖြစ်သည်။ တရုတ်သည် ဒုတိယ ၃ လ ပတ်တွင် ဖုန်းတင်ပို့ရောင်းချမှု ၁၄ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သုတေသနကုမ္ပဏီ IDC က ဆိုသည်။

Xiaomi ကော်ပိုရေးရှင်း၊ Vivo နှင့် Oppo တို့ကဲ့သို့ ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိသော ကုမ္ပဏီကြီးများ အားလုံးသည် ရောင်းအား အလွန်ကျဆင်းသွားကြောင်း ဖော်ပြခဲ့သည်။

ဝယ်လိုအားကို ကျဆင်းစေသည့် တင်းကျပ်သော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒ အပါအဝင် အကြောင်းရင်း များစွာသည် ဝယ်လိုအားကျဆင်းမှုသို့တွန်းပို့ခဲ့သော်လည်း ပိုကြီးမားသည့်ပြဿနာမှာ တရုတ်စမတ်ဖုန်း ထုတ်လုပ်သူများ ကာလကြာရှည်ကြောက်ရွံ့နေခဲ့သော ကိစ္စတစ်ခုဖြစ်သည်။

ဝယ်ယူသူအသစ်များနှင့် အဆက်မပြတ်အဆင့်မြှင့်တင်မှုများကြောင့် တရုတ်၏ ၁၀နှစ်ကျော်စမတ်ဖုန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးခဲ့မှုသည် အဆုံးသတ်လာဖွယ်ရှိနေသည်။

လွန်ခဲ့သောဆယ်စုနှစ်များက တရုတ်က မိုဘိုင်းနိုင်ငံဖြစ်လာရန် စိတ်အားထက်သန်ခဲ့သည်။ ရွာတိုင်းလိုလိုတွင် 4G အခြေစိုက်စခန်းများတည်ဆောက်ရန် နိုင်ငံအရင်းအနှီးကို အသုံးပြုခဲ့ပြီး အများစုမှာ ထိတွေ့မျက်နှာပြင်ကို တစ်ခါမျှ မသုံးဖူးသော်လည်း Oppo နှင့် Vivo အမှတ်တံဆိပ်များသည် ခေတ်ဆန်သော စက်ပစ္စည်းများကို ကျေးလက်ဒေသရှိ သန်းရာနှင့်ချီသော ပြည်သူများထံ ရောင်းချနိုင်ခဲ့သည်။ 

Apple Inc.၊ Samsung Electronics Co. နှင့် Motorola တို့သည် ပိုမိုဈေးကြီးသော ရွေးချယ်မှုများဖြင့် နည်းပ ညာကျွမ်းကျင်သော မြို့နေပြည်သူများကို ပစ်မှတ်ထားခဲ့သည်။ (Motorola သည် ထုတ်ကုန်ချို့ယွင်းချက်များ၊ ဈေးကွက် ရှာဖွေရေးအမှားများနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ဖိအားများကြောင့် ဈေးကွက်ပြိုင်ပွဲမှ လျင်မြန်စွာ ထွက်ခွာခဲ့ရသည်။ 

မကြာသေးမီက တရုတ်တွင် အဆင့်မြင့် 5G ကွန်ရက်များတည်ဆောက်ခြင်းကြောင့် စမတ်ဖုန်း ထုတ်လုပ်သူ များသည် အခွင့်အလမ်းတစ်ခုကို မြင်တွေ့ခဲ့ရသော်လည်း လူနည်းစုက ဒုက္ခရောက်နေပြီဟု ရှုမြင်ကြသည်။

အဓိကပြဿနာမှာ တရုတ်၏ ကြီးမားသောစမတ်ဖုန်းဈေးကွက်သည် အလွန်ပြည့်နှက်နေသောကြောင့် ဖြစ်သည်။

လူဦးရေ ၁ ဒသမ ၄ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ၂၀၂၁ခုနှစ်ကုန်တွင် မိုဘိုင်းဖုန်းကိုင်ဆောင်မှု ၁ ဒသမ ၆ ဘီလီယံကျော်ရှိသည်။

ဖုန်းများ အစားထိုးရန် လိုအပ်မှုမှာလည်း လျော့နည်းလာနေသည်။ စမတ်ဖုန်းများ၏ သက်တမ်းသည် ရှည်လျား လာသည်နှင့်အမျှ စီးပွားရေး မကောင်းသောအခါတွင် ပိုမိုကြာကြာအသုံးပြုနိုင်သည်။ 5G ဝန်ဆောင်မှု၏ ဈေးနှုန်းကြောင့် တရုတ်နိုင်ငံသားများအနေဖြင့် 4G စာရင်းသွင်းမှုများကိုသာ ဆက်လက်ထားရှိနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required