နည်းပြ သောမတ်တူချယ်ရဲ့ စာချုပ်သက်တမ်းတိုးဖို့ ချယ်လ်ဆီး ဆွေးနွေးနေ

နည်းပြ သောမတ်တူချယ်ရဲ့ စာချုပ်သက်တမ်းတိုးဖို့ ချယ်လ်ဆီး ဆွေးနွေးနေ

ချယ်လ်ဆီးအသင်းဟာ နည်းပြ သောမတ်တူချယ်ရဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ စတန်းဖို့ဒ်ဘရစ်ချ်မှာ တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ဂျာမန်နည်းပြဟာ လက်ရှိမှာ ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပါတယ်။

သူဟာ ဖရန့်လမ်းပတ်နေရာ အစားထိုးဝင်ရောက်ပြီးနောက် ကနဦး ၁၈ လစာချုပ်ဆိုခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ချယ်လ်ဆီးအသင်းကို ချန်ပီယံလိဂ်ဖလား ရယူပေးခဲ့အပြီး သက်တမ်းတိုးခဲ့ပါတယ်။

"ကျနော့်လူတွေက ပိုင်ရှင်တွေနဲ့ စကားပြောနေပြီး တခြားအရာအားလုံးကို ဂရုတစိုက်လုပ်နေတယ်။ ကျနော် ဒီမှာနေရတာ ဘယ်လောက်ပျော်တယ်၊ ဘယ်လောက်သဘောကျတယ်ဆိုတာ ခင်ဗျာ သိပါတယ်"လို့ တူချယ်က ပြောပါတယ်။

“ဆွေးနွေးမှုတွေရှိပေမယ့် ကျနော်တို့က ဘယ်ကလာတယ်၊ ပြီးတော့ အပြောင်းအရွှေ့ကာလအလယ်မှာ ရောက်နေတယ်ဆိုတဲ့ အခြေအနေပေးတဲ့အပေါ်လို့ ထင်ပါတယ်။ ကျနော့်အနေနဲ့ အသင်းနဲ့ အားကစားရယ်၊ ပြိုင်ဆိုင်မှုအပေါ် အာရုံစိုက်ရင် အကောင်းဆုံးဖြစ်မယ်လို့ ကျနော် ထင်ပါတယ်။”လို့ ဆက်ပြောပါတယ်။

ချယ်လ်ဆီးဟာ တနင်္ဂနွေနေ့မှာ လိဒ်ကို သွားရောက်မှာ ဖြစ်ပြီး တူချယ်ဟာ စပါးနဲ့ ၂-၂ သရေကျတဲ့ပွဲမှာ နည်းပြ အန်တိုနီယိုကွန်တီနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီးနောက် တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပေမယ့် သူဟာ ကွင်းစည်းဘေးမှာ ရှိနေမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ချယ်လ်ဆီးဟာ တံကောက်ကြောဒဏ်ရာရှိနေတဲ့ ကွင်းလယ်ကစားသမား အန်ဂိုလို ကန်တေကို လက်လွတ်ရလိမ့်မှာ ဖြစ်ပြီး တူချယ်က ဒဏ်ရာ အနည်းငယ် အလွန်ပြင်းထန်တယ်လို့ ဆိုပါတယ်။

"ကျနော်တို့ ရက်သတ္တပတ်တာအကြာင်းပြောနေတာ။ သတင်းမကောင်းပါဘူး၊ သူက အရမ်းအရေးကြီးနေလို့ စိတ်ပျက်စရာ၊ စိတ်မကောင်းစရာပါပဲ။"လို့ သူက ထည့်ပြောပါတယ်။

မတ်တီယို ကိုဗာဆစ်ဟာ ဒူးပြဿနာနဲ့ လွဲချော်မှာ ဖြစ်သလို အခုအပတ်အတွင်း မန်ချက်စတာယူနိုက်တက်နဲ့ ချိတ်ဆက်နေတဲ့ အာမန်ဒိုဘရိုဂျာနဲ့  ပူလီဆစ်တို့ကိုလည်း သံသယရှိနေပါတယ်။

ချယ်လ်ဆီးဟာ အင်တာမီလန်ကနေ အသက် ၁၉ နှစ်အရွယ် ကွင်းလယ်ကစားသမား ဆီဆာ ကာဆာဒီကို ခြောက်နှစ်စာချုပ်နဲ့ အပြီးသတ်ခေါ်ယူခဲ့ပြီး ဒေါ့မွန်အသင်းမှာ တူချယ်နဲ့ လက်တွဲခဲ့တဲ့ အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်း အူဘာမီယန်နဲ့လည်း ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly