နီပေါတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများကို အိန္ဒိယအစိုးရက စောင့်ကြည့်နေ

နီပေါတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများကို အိန္ဒိယအစိုးရက စောင့်ကြည့်နေ

အိန္ဒိယအစိုးရက နိုင်ငံကာကွယ်ရေးနှင့် လုံခြုံရေးကို အဟန့်အတားဖြစ်စေသည့် မည်သည့်လှုပ်ရှားမှုကိုမဆို အမြဲတမ်း စောင့်ကြည့်နေပြီး လိုအပ်သည့် အစီအမံများကို ဆောင်ရွက်နေကြောင်း ပြည်ပရေးရာဝန်ကြီးဌာန (MEA)ပြောရေးဆိုခွင့်ရှိသူ ဘတ်ချီက ပြောကြားလိုက်သည်။

နီပေါနိုင်ငံခြားရေးဝန်ကြီး ခက်ခါနှင့် မကြာသေးမီက တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် ခတ္တမန္ဒူတွင် တွေ့ဆုံပြီး တရုတ်ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာမှုဆိုင်ရာ သတင်းများနှင့် ပတ်သက်သည့် မေးခွန်းကို မှတ်ချက် ပြုရာတွင် ဘတ်ချီက ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ဆွေးနွေးပြီးတဲ့အကြောင်းအရာနဲ့ ဘာကို ရင်းနှီးမြှုပ်နှံမယ်ဆိုတာကို မှတ်ချက်မပေးချင်ပါဘူး။ အိန္ဒိယနဲ့ နီပေါ ဆက်ဆံရေး အထူးသဖြင့် ကျွန်တော်တို့ရဲ့ စီးပွားရေးဆက်သွယ်မှုတွေ၊ ပြည်သူအချင်းအချင်း ဆက်ဆံမှုက အရမ်းကောင်းမွန်ပြီး ဒီနှစ်အတွင်း နှစ်ဖက်စလုံးက မကြာသေးခင်က အဆင့်မြင့် ခရီးစဉ်တွေကနေ တွေ့မြင်ရတဲ့ ဆက်ဆံရေးက ခိုင်မာအားကောင်းပြီး အရမ်းထူးခြားပါတယ်”

သို့သော် 'နိုင်ငံကာကွယ်ရေးနဲ့ လုံခြုံရေးကို အဟန့်အတားဖြစ်စေတဲ့ လှုပ်ရှားမှုတွေကို အမြဲတမ်း စောင့်ကြည့် နေပြီး လိုအပ်တဲ့ အစီအမံတွေကို ဆောင်ရွက်နေပါတယ်' ဟု ဘတ်ချီက ပြောကြားခဲ့သည်။

MEA ၏ ပြောရေးဆိုခွင့်ရှိသူ ဘတ်ချီက အိန္ဒိယနှင့် နီပေါ၏ ဆက်ဆံရေးသည် ထူးခြားပြီး ကိုယ်နည်းကိုယ်ဟန် ဖြင့် အဆင်ပြေပြေရပ်တည်နေသောကြောင့် အလေးအနက်ထားပြောကြားရန် မလိုအပ်ကြောင်း ပြောကြားခဲ့ သည်။

အစောပိုင်းက ဝမ်ယိနှင့် ခက်ခါတို့ တွေ့ဆုံစဉ် နီပေါနိုင်ငံခြားရေးဝန်ကြီးက နီပေါနယ်မြေအား တရုတ်ကို ဆန့်ကျင်သည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမှ အသုံးပြုခွင့်ပေးမည်မဟုတ်ကြောင်း ဝမ်ယိကို အာမခံခဲ့သည်။

ပြီးခဲ့သည့်အဆင့်မြင့် ခရီးစဉ်များအတွင်း ရရှိခဲ့သည့် နားလည်မှုများ၊ လက်မှတ်ရေးထိုးထားသည့် သဘောတူညီ ချက်များကို အချိန်နှင့် တစ်ပြေးညီ အကောင်အထည်ဖော်ရန် နှစ်နိုင်ငံဝန်ကြီးများက ကတိကဝတ်ပြုခဲ့ကြ သည်။ နီပေါတွင် တရုတ်အကူအညီပေးသည့် စီမံကိန်းများကို အမြန်အကောင်အထည်ဖော်ရန် သဘောတူညီထားသည်။

တွေ့ဆုံမှုအတွင်း တရုတ်ဘက်မှ နီပေါကိုယ်စားလှယ်အဖွဲ့အား ခတ္တမန္ဒူ ပတ်လမ်း ဖောက်လုပ်ရေးစီမံကိန်း ဒုတိယအဆင့် တည်ဆောက်ရေးလုပ်ငန်းများ မကြာမီ စတင်တော့မည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required