အီလွန် မတ်စ်ကို မေ့လိုက်ပါ၊ ဂျင်းနီကင်ကသာ မန်ချက်စတာယူနိုက်တက်ကို ကယ်တင်နိုင်ပါတယ်

အီလွန် မတ်စ်ကို မေ့လိုက်ပါ၊ ဂျင်းနီကင်ကသာ မန်ချက်စတာယူနိုက်တက်ကို ကယ်တင်နိုင်ပါတယ်

ဒီတခါမှာတော့ အီလွန်မတ်စ်ရဲ့ မန်ချက်စတာယူနိုက်တက် သတင်းတွေကို ကျော်ပြီး ကြည့်မယ်ဆိုရင် တောင်ကိုရီးယား အဆိုတော်/ရက်ပ်အဆိုတော် ဂျင်းနီကင် (Jennie Kim)ရဲ့ ပုံမှန်မဟုတ်တဲ့ ပုံစံနဲ့ ယူနိုက်တက်ရဲ့ အရသာသစ်ကို ခံစားရမှာ ဖြစ်ပါတယ်။

အွန်လိုင်းပေါ် ဂယက်ထသွားစေတဲ့ အီလွန်မတ်စ် မန်ချက်စတာယူနိုက်တက်ကို ဝယ်နေတယ်ဆိုပြီး နောက်ပိုင်းမှာ ဟာသတစ်ခုသာဖြစ်တယ်လို့ ရေးသားမှုတွေအပြီးမှာတော့အသက် ၂၆ နှစ်အရွယ် ဂျင်းနီလို့ ချစ်ခင်လူသိများတဲ့ တောင်ကိုရီးယား ဂျင်းနီကင်ကို ယူနိုက်တက်ဂျာစီနဲ့  တွေ့မြင်ရမှာပါ။

Blackpink ရဲ့ နောက်ဆုံးထွက် MTV မှာ ယူနိုက်တက်ဂျာစီဝတ်ထားတဲ့ ဂျင်းနီးရဲ့ ဓာတ်ပုံတွေဟာ ဩဂုတ် ၁၉ ရက် သောကြာနေ့က ထွက်ပေါ်လာအပြီးမှာတော့ တွစ်တာမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့ပါတယ်။

“Jennie က မန်ချက်စတာယူနိုက်တက်ကို ကယ်တင်နိုင်မှာပါ” လို့ တွစ်တာမှာ တစ်ယောက်က ရေးသားခဲ့ပါတယ်။

တွစ်တာသုံးစွဲသူတစ်ယောက်က “ငါ ဘောလုံးကို ဝါသနာပါပါတယ်၊ ဒါပေမယ့် Blackpink အဖွဲ့ဝင်တစ်ယောက်က ဒီယူနိုက်တက်အင်္ကျီကို ဝယ်ဖို့ ငါ့ကို လွှမ်းမိုးနေပါတယ်။”လို့ တုံ့ပြန်ခဲ့ပါတယ်။

"မန်ချက်စတာယူနိုက်တက်အသင်းကို ငါဘယ်တုန်းကမှ သံသယမဝင်ခဲ့ပါဘူး၊ အဲဒီဂျာစီကို ငါရတော့မယ်"လို့ တခြားတစ်ယောက်က ရေးသားခဲ့ပါတယ်။

ပင်တိုင် ရက်ပ်ပါ ဂျင်းနီဟာ Blackpink သီချင်းသစ် 'Pink Venom' ဗီဒီယို ချပြချိန်မှာ မှတ်ချက်ပေါင်း ထောင်ပေါင်းများစွာကို ရခဲ့ပါတယ်။

နောက်တစ်ယောက်က "ငါ မန်စီးတီးကပါ၊ ဒါပေမယ့် ဂျင်းနီအတွက် ယူနိုက်တက်ကို ပြန်လာမှာပါ။"လို့ တွစ်ထားပါတယ်။

"ဂျင်းနီးက သူစိတ်ကြိုက် “JENNIE 96” ရေးထိုးထားတဲ့ ဂျာစီကို ဝတ်ထားတယ်"လို့ user တစ်ယောက်က တင်ထားပါတယ်။

"Jennie အင်္ကျီဝတ်ဆင်တဲ့နောက်မှာ မန်ချက်စတာယူနိုက်တက်"လို့ တခြား တွစ်တာအသုံးပြုသူတစ်ဉေယာက်က ရေးသားခဲ့ပါတယ်။  

"JENNIE KIM က အနီ။ PINKVENOM"လို့ တခြားတစ်ယောက်က ရေးသားပါတယ်။

 YG Entertainment ကနေ ဖွဲ့စည်းတဲ့ Blackpink ဟာ အဖွဲ့ဝင် Jisoo၊ Jennie၊ Rosé နဲ့ Lisa တို့ ပါဝင်ပြီး နိုင်ငံတကာမှာ အအောင်မြင်ဆုံး ကိုရီးယားမိန်းကလေးအဖွဲ့ ဖြစ်ပါတယ်။

ဒီနှစ်နှောင်းပိုင်းမှာ ဂျင်းနီကင်ဟာ လာမယ့် HBO စီးရီး The Idol မှာ သူမရဲ့ ဟောလိဝုဒ်ပွဲဦးထွက်ကို ပြသတော့မှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly