တရုတ်တွင် အိမ်ထောင်မရှိသူအမျိုးသမီးတစ်ဦး၏ မမျိုးဥကို  အေးခဲခန်းတွင်သိမ်းဆည်းခွင့် မရသည့်အပေါ်  တရားရုံးသို့ တိုင်ကြားချက် ပယ်ချက်ခံရ

By Economic Times
17 August 2022
တရုတ်တွင် အိမ်ထောင်မရှိသူအမျိုးသမီးတစ်ဦး၏ မမျိုးဥကို  အေးခဲခန်းတွင်သိမ်းဆည်းခွင့် မရသည့်အပေါ်  တရားရုံးသို့ တိုင်ကြားချက် ပယ်ချက်ခံရ

တရုတ်နိုင်ငံတွင် အိမ်ထောင်မပြုရသေးသည့်အမျိုးသမီးတစ်ဦးက သူမ၏မမျိုးဥများကို အအေးခန်းတွင် ထားပေးရန် ငြင်းဆိုခဲ့သော ဆေးရုံကို တရားစွဲဆိုရာ  တရားရုံးက ပယ်ချလိုက်သဖြင့် နိုင်ငံအတွင်း အမျိုးသား၊အမျိုးသမီး တန်းတူညီမျှခွင့်နှင့်ပက်သက်၍ အချေအတင်အငြင်းပွားမှုများ ဖြစ်ပေါ်လာစေသည်။

ပေကျင်းသားဖွားနှင့်မီးယပ်ဆေးရုံမှ ဆရာဝန်တစ်ဦးက မျိုးဥများကို အေးခဲပေးရန် ငြင်းဆိုလိုက်ပြီးနောက် ရှူကျောင်ကျောင်သည် တရုတ်တရားရုံးထံ တိုင်ကြားခဲ့သည့် ၂၀၁၈ ခုနှစ်တွင် ကမ္ဘာက သူမအား သတိထား မိလာခဲ့သည်။ တရားရုံးက ၂၀၂၂ ခုနှစ် ဇူလိုင်တွင် သူမ၏ တိုင်တန်းချက်ကို ကန့်ကွက်ခဲ့သည်ဟု   European Times က ဖော်ပြသည်။ 

နောက်ပိုင်းတွင် ကလေးယူရန်အတွက် တစ်ကိုယ်ရေအမျိုးသားများ၏ သုက်ပိုးကို အေးခဲခွင့်ပေးသည့် တရုတ်နိုင်ငံ သည် အမျိုးသမီးများအတွက် အလားတူ ဝန်ဆောင်မှုမျိုးကို ငြင်းပယ်ထားသည်။

တရုတ်ကွန်မြူနစ်ပါတီသည် ကျဆင်းနေသောလူဦးရေကို ပြန်လည်မြင့်တက်စေရေးအတွက် ကလေးများ ပိုမိုမွေးကြရန် ဇနီးမောင်နှံများအား တွန်းအားပေးခြင်းနှင့် နောင်တစ်ချိန်အသုံးပြုရန် မျိုးဥများအေးခဲချင်သော တစ်ကိုယ်ရေအမျိုးသမီးများအား အားမပေးမှုအကြား ဘေးကျပ်နံကျပ်အခြေအနေတွင် ရောက်ရှိနေသည်ဟု European Times က ဖော်ပြသည်။

တရားရုံးက ရှူကျောင်ကျောင်အနေဖြင့် မမျိုးဥကို အေးခဲခန်းတွင် သိမ်းမည့်အစား  လက်ထပ်၍ ကလေးယူရန် ပေကျင်း ဆရာဝန်၏ မှတ်ချက်ကဲ့သို့ပင် ဆုံးဖြတ်ခဲ့သည်။

အသက် ၃၀ စွန်းစွန်းရှိပြီဖြစ်သည့် ထိုအမျိုးသမီးသည် ယခုအခုအခါ စိတ်ပျက်လက်ပျက်ဖြစ်လျက်ရှိသည်။ လူမှုမီဒီယာပေါ်မှ လူအများက သူမအား အားပေးထောက်ခံလျက်ရှိပြီး မျိုးပွားခြင်းကိုအထောက်အပံ့ပေးသော နိုင်ငံဥပဒေများက အိမ်ထောင်မရှိသူ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံနေသည့် အကြောင်းရင်းနှင့် ပတ်သက်၍ လည်း ငြင်းခုံလျက်ရှိသည်။

တရုတ်အစိုးရသည် အနာဂတ်ကာလတွင်လည်း စည်းမျဉ်းများကို မည်သည့်နည်းနှင့်မျှ ပြောင်းလဲရန် ရည်ရွယ်ချက် မရှိပေ။

ယခင်က တရုတ်အစိုးရသည် လူဦးရေတိုးတက်မှုကို စစ်ဆေးခဲ့ကာ အစိုးရကခွင့်မပြုသော ကိုယ်ဝန်ဆောင်မှုများကို နှိမ်နင်းခဲ့သည်။ 

အမျိုးသမီးသန်းပေါင်းများစွာအား အမဓမ္မ ကိုယ်ဝန်ဖျက်ချခိုင်းခဲ့သည်။

သို့သော် ယခုအခါ တရုတ်သည် နိုင်ငံသားများအား ကလေးမိုမိုယူစေချင်ပြီး ကလေးယူရန် အလျင်မလိုသော စုံတွဲများနှင့် ကလေးများအား ပြုစုပျိုးထောင်ရန် မတတ်နိုင်သော ချို့တဲ့သည့်ဇနီးမောင်နှံများကို ဝေဖန်ပြစ်တင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly