ပြည်ထောင်စုကြီး ပြိုကွဲမှာ စိုးရိမ်သတဲ့လား(ဆောင်းပါး)

18 August 2022
ပြည်ထောင်စုကြီး ပြိုကွဲမှာ စိုးရိမ်သတဲ့လား(ဆောင်းပါး)

စစ်ကောင်စီ လက်ရှိသွားနေတဲ့ပုံစံဟာ နိုင်ငံတကာ အသိုင်းအဝန်းကနေ တိုက်တွန်းတောင်းဆိုနေတဲ့ ‘တွေ့ဆုံဆွေးနွေး အဖြေရှာရေး’ဆိုတဲ့လမ်းကို လုံးဝမဟုတ်သလို၊ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်တက်ဖို့လည်း ဝေးကွာသထက် ဝေးကွာလာတယ်လို့ ယူဆမိပါတယ်။ ဒီလိုပြောရတာ အကြောင်းအရင်းတွေ ရှိပါတယ်။ အလွယ်ဆိုရရင် အာဏာကိုမြဲမြံအောင် ပိုမိုချုပ်ကိုင်ထားနိုင်ရေးလို့ ယူပါတယ်။ လက်တွေ့နဲ့ လက်ရှိ စစ်ခေါင်းဆောင်တွေရဲ့ အကျိုးစီးပွားက ဒါနဲ့ချိတ်နေပါတယ်။ ဒီနေရာမှာ စစ်ကောင်စီကျဆုံးစေဖို့ နိုင်ငံတကာ အသိုင်းအဝန်းရဲ့ အတတ်နိုင်ဆုံးလုပ်နိုင်တာက စီးပွားရေးအရ ပိတ်ဆို့အရေးယူမှု၊ လက်နက် ဝယ်ယူခွင့် ပိတ်ပင်တာဆီမှုနဲ့ သံတမန် ဆက်ဆံရေး အဆင့်လျှော့ချတာလိုမျိုးတွေ ဖြစ်ပါတယ်။
#Politics
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly