မန်ချက်စတာယူနိုက်တက်ကို ဘီလျံနာသူဌေးကြီး ဆာဂျင်မ် ရက်ကလစ်ဖ် ဝယ်ယူလို

မန်ချက်စတာယူနိုက်တက်ကို ဘီလျံနာသူဌေးကြီး ဆာဂျင်မ် ရက်ကလစ်ဖ် ဝယ်ယူလို

ဗြိတိန် ဘီလျံနာသူဌေးကြီး ဆာဂျင်မ် ရက်ကလစ်ဖ်ဟာ မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူလိုနေပါတယ်။

အသက် ၆၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူ့ရဲ့စိတ်ဝင်စားမှုသတင်းဟာ Bloomberg ရဲ့ သတင်းထုတ်ပြန်ပြီးနောက် သိရတာပါ။

ဂလေဇာမိသားစုဟာ ကလပ်မှာ အစုရှယ်ယာအနည်းစုကို ရောင်းချဖို့ ဆန္ဒရှိနေပါတယ်။

“တကယ်လို့ ကလပ်ကို ရောင်းမယ်ဆိုရင် ဂျင်မ်က အလားအလာရှိတဲ့ ဝယ်သူဖြစ်မှာ သေချာပါတယ်”လို့ ရက်ကလစ်ဖ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက The Times ကို ပြောပါတယ်။

"ဒီလိုမျိုးဖြစ်လာချေရှိခဲ့ရင် ရေရှည်ပိုင်ဆိုင်ခွင့်အတွက် ဆွေးနွေးဖို့ ကျနော်တို့ စိတ်ဝင်စားမှာပါ။"

အကြိမ် ၂၀ မြောက် အင်္ဂလိပ်ချန်ပီယံ ယူနိုက်တက်ဟာ မန်နေဂျာသစ် အဲရစ် တန်ဟက်ဂ်လက်ထက်မှာ သူတို့ရဲ့ ရာသီအဖွင့်ပွဲစဉ်နှစ်ပွဲစလုံးကို ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်ရဲ့ အောက်ဆုံးမှာ ရှိနေပါတယ်။

ဆိုးရွားတဲ့ စတင်မှုဟာ ဂလေဇာအပေါ် ဝေဖန်မှုတွေ ပြင်းထန်လာပြီး အသင်းမှာ ရင်းနှီးမြှုပ်နှံလိုမှုမရှိဘူးလို့ ၎င်းတို့ ထင်မြင်လာခဲ့ပါတယ်။

ဘာစီလိုနာရဲ့ နယ်သာလန်ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ကို မခေါ်ယူနိုင်သေးသလို စူပါစတားတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုမှာလည်း အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာရဖွယ်ရှိနေပြီး ဒီနွေရာသီမှာ ခေါ်ယူမှုသစ်တွေ အကောင်အထည် ပေါ်လာခြင်းမရှိပါဘူး။

းအသင်းဟာ ၂၀၁၃ ခုနှစ်မှာ ဆာအဲလက်စ်ဖာဂူဆန် အနားယူခဲ့ပြီးကတည်းက ရုန်းကန်ခဲ့ရပြီး ၂၀၁၇ ခုနှစ်ကနေစပြီး ဖလားတစ်လုံးမှ မရရှိခဲ့ပါဘူး။

အင်္ဂါနေ့ညပိုင်းက SpaceX တည်ထောင်သူ အီလွန် မတ်စ်ကလည်း မန်ယူအသင်းကို ဝယ်ယူနေပြီဖြစ်တယ်လို့ တွစ်တာမှာ ပြောဆိုခဲ့ပေမယ့် နောင်ပိုင်းမှာ သူက ဒါကို နောက်ပြောင်ခဲ့ခြင်းဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့မှာ တုံ့ပြန်ခဲ့ပါတယ်။

မကြာသေးခင်နှစ်တွေအတွင်း ဂလေဇာမိသားစုရဲ့ ပိုင်ဆိုင်မှုကို ဆန့်ကျင်ကန့်ကွက်မှုတွေ အများအပြားရှိခဲ့ပြီး လီဗာပူးလ်နဲ့ အိမ်ကွင်းပွဲစဉ်ကို ရွှေ့ဆိုင်းစေခဲ့တဲ့ သရဲနီတို့ရဲ့ အိမ်ကွင်းပွဲစဉ်ဖြစ်တဲ့ ၂၀၂၁ ခုနှစ် မေလမှာ တစ်ကြိမ်အပါအဝင်ဖြစ်ပါတယ်။

ယူနိုက်တက်ပရိသတ်တွေဟာ တနင်္လာနေ့မှာ အိုးထရက်ဖို့ဒ်မှာ ပြိုင်ဘက် လီဗာပူးလ်နဲ့ ပွဲစဉ်မတိုင်မီ အမေရိကန်မိသားစုကို ဆန့်ကျင်ဆန္ဒပြဖို့ စီစဉ်နေပါတယ်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly