အင်းတော်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ နဘားတန်ပိုဂိတ်ကို ဒေသကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့ မီးရှို့ဖျက်ဆီး

အင်းတော်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ နဘားတန်ပိုဂိတ်ကို ဒေသကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့ မီးရှို့ဖျက်ဆီး

ဩဂုတ်လ ၁၇ ရက်

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ နဘားတန်ပိုဂိတ်ကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က သြဂုတ် ၁၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သိရသည်။

အင်းတော်မြို့မှ ခြောက်မိုင်ခန့်အကွာရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် နဘားတန်ပိုဂိတ်သည် ငွေကြေး များ အဆမတန်ကောက်ယူနေပြီး ၎င်းငွေကြေးများသည် စစ်ကောင်စီလက်အောက်သို့ ရောက်ရှိနေ၍ စစ်အာဏာရှင်သက်ဆိုးမရှည်ရန် လုပ်ငန်းများရပ်တန့်အောင် ဖျက်ဆီးခြင်းဖြစ်ကြောင်း အင်းတော် PDF ရဲဘော်တစ်ဦးက ဆိုသည်။

“စစ်အာဏာရှင် သက်ဆိုးမရှည်ဖို့ လုပ်ငန်းတွေရပ်တန့်တဲ့ သဘောပါဗျ။ စစ်အာဏာရှင် သက်ဆိုးရှည် အောင် ထောက်ပံ့‌တာတွေရှိရင် အရေးယူမှာပါ” ဟု အင်းတော် PDF မှ ရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါတန်ပိုဂိတ်တွင်တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းလေးဦးအားဖမ်းဆီးစစ်ဆေးပြီးနောက် ပြန် လွှတ်ပေးခဲ့သည်ဟု ဆိုသည်။

မီးရှို့နေစဉ် ဒေသခေါ် ဂျပန်လှိုင်ဂူမှ နဘားကျေးရွာဘက်သို့ လက်နက်ကြီး ၆၀ နှစ်လုံးဖြင့် စစ်ကောင်စီ တပ်က ပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း ထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်း ၎င်းကပြောသည်။

စစ်ကောင်စီလက်အောက်ခံ ဆောက်လုပ်ရေးဝန်ကြီးဌာနလက်အောက်ရှိ နဘားတန်ပိုဂိတ်ကို ကချင် လွတ်မြောက်ရေးတပ်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ် သည်။

စာတည်း ။ ။ စောဖေ

စာမူတည်းဖြတ် ။ ။ စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly