မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူမယ်ဆိုတာ နောက်ပြောင်ခဲ့ခြင်းဖြစ်တယ်လို့ အီလွန် မတ်စ် ပြော

မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူမယ်ဆိုတာ နောက်ပြောင်ခဲ့ခြင်းဖြစ်တယ်လို့ အီလွန် မတ်စ် ပြော
Photo: EPA

ဘီလျံနာသူဌေးကြီး အီလွန် မတ်စ်ဟာ အင်္ဂလိပ်ဘောလုံးကလပ် မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူမယ် ပြောဆိုတုန်းက နောက်ပြောင်ခဲ့တာဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်က ဗုဒ္ဓဟူးနေ့မှာ တွစ်တာမှာ ပြောပါတယ်။

ကလပ်ကို ဝယ်ယူဖို့ အလေးအနက်ထားလားလို့ တွစ်တာသုံးစွဲသူတစ်ဦးက မေးရာမှာ "မဟုတ်ဘူး၊ ဒါက တွစ်တာမှာ အချိန်တခုကြာရှိနေတဲ့ ဟာသတစ်ခုပါ။ ကျနော် ဘယ်အားကစားအသင်းကိုမှ မဝယ်ပါဘူး"လို့ မတ်စ်က ပြောပါတယ်။

အဆိုပါနေ့အစောပိုင်းက SpaceX တည်ထောင်သူဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ဝယ်ယူမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပေမယ့် အသေးစိတ်အချက်အလက်တွေကို ပေးထားခြင်းမရှိပါဘူး။ ယူနိုက်တက်ဟာ ကမ္ဘာ့ဘောလုံးလောကမှာ အကျော်ကြားဆုံးအသင်းတစ်သင်းဖြစ်ပေမယ့် ကလပ်ရဲ့လက်ရှိပိုင်ရှင်ဖြစ်တဲ့ အမေရိကန်ဂလေဇာမိသားစုကို ဖယ်ရှားဖို့ ပရိသတ်တွေရဲ့ ဒေါသတကြီး တောင်းဆိုမှုတွေကြား လက်ရှိအချိန်မှာ ကွင်းတွင်း အကျပ်အတည်း ဖြစ်နေပါတယ်။

" ကျနော် မန်ချက်စတာယူနိုက်တက်ကိုလည်း ဝယ်ဦးမှာ၊ ကြိုဆိုပါတယ်"လို့ မတ်စ်က  အင်္ဂါနေ့ညက တွစ်တာမှာ ပြောခဲ့တာပါ။ အင်္ဂလန်မြောက်ပိုင်းအခြေစိုက်ဘောလုံးအသင်းဟာ သူ့ရဲ့ ပင်မတွစ်တာအကောင့်မှာ Follower ၃၂ သန်းကျော်ရှိပြီး မတ်စ်ရဲ့တွစ်တာပို့စ်ဟာ သုံးနာရီအတွင်း ပလက်ဖောင်းပေါ်မှာ Like ပေါင်း ၃၂၀,၀၀၀ နီးပါးရရှိခဲ့ပါတယ်။

"တကယ်လို့ ဘယ်အသင်းပဲဖြစ်ဖြစ်၊ ဒါက မန်ယူပဲဖြစ်မှာပါ။ သူတို့ဟာ ငယ်ငယ်က ကျနော့်အကြိုက်အသင်းပါ။"

"ရှင်းရှင်းပြောရရင် ရီပတ်ဘလီကင်ပါတီရဲ့ လက်ဝဲတစ်ခြမ်းနဲ့ ဒီမိုကရက်ပါတီရဲ့ လက်ယာတစ်ခြမ်းကို ကျနော်ထောက်ပံ့တယ်" လက်ဝဲတစ်ခြမ်းနဲ့ လက်ယာတစ်ခြမ်းဟာ ဘောလုံးပွဲထွက်စာရင်းဖြစ်တယ်လို့ မတ်စ်ရဲ့ အရင် tweet တစ်ခုရဲ့ နောက်ဆက်တွဲ မှတ်ချက်တစ်ခုမှာ ရေးသားထားတာဖြစ်ပါတယ်။

မကျေမနပ်ဖြစ်နေတဲ့ ယူနိုက်တက်ပရိသတ်တချို့ဟာ တွစ်တာထက် ကလပ်အသင်းကို ဝယ်ယူစဉ်းစားဖို့ မတ်စ်ကို အရင်က တိုက်တွန်းခဲ့ဖူးပါတယ်။ အင်္ဂါနေ့အစောပိုင်းက တုံ့ပြန်မှုတွေမှာ တွစ်တာအသုံးပြုသူတချို့က မတ်စ်ရဲ့ တွစ်တာကနေ နောက်ဆုံးရေးတင်ထားတာက နောက်ပြောင်ခြင်းတခုထက် မပိုဘူးလို့ ယူဆပုံရပြီး တချို့ကလည်း မှန်တယ်လို့ မျှော်လင့်ကြောင်း ပြသကြပါတယ်။

နယူးယောက်စတော့အိတ်ချိန်းမှာ မန်ယူအသင်းရဲ့ရှယ်ယာတွေဟာ ဒီနေ့အထိ တစ်နှစ်ထက်တစ်နှစ် ကျဆင်းနေပေမယ့်လည်း ဈေးကွက်အရင်းအနှီးမှာ ဒေါ်လာ ၂.၁ ဘီလီယံနဲ့ အင်္ဂါနေ့က အဆုံးသတ်ခဲ့ပါတယ်။

၎င်းကို ဟာသတစ်ခုလို့ ဆိုပေမယ့် မတ်စ်ရဲ့ tweet ဟာ အမေရိကန်အာဏာပိုင်တွေနဲ့ ပြဿနာတက်နိုင်ပါတယ်။

ယူနိုက်တက်ပရိသတ်တွေဟာ မကြာသေးခင်နှစ်တွေအတွင်း စွမ်းဆောင်ရည်ညံ့ဖျင်းမှုတွေကြောင့် အသင်းရဲ့အကြီးတန်းစီမံခန့်ခွဲမှုကို ကန့်ကွက်ခဲ့ကြသလို ဥရောပရဲ့ အချမ်းသာဆုံးအသင်းတွေရဲ့ "စူပါလိဂ်" အသစ်တစ်ခုစတင်ဖို့ အစီအစဉ်မှာ ၎င်းတို့ပါဝင်ပတ်သက်မှုကိုလည်း ကန့်ကွက်ခဲ့ကြပါတယ်။

သရဲနီတွေဟာ ပြီးခဲ့တဲ့ရာသီက အင်္ဂလန်ပရီးမီးယားလိဂ်မှာ အဆင့်ခြောက်နေရာမှာ အနိမ့်ဆုံးနဲ့ ပြီးဆုံးခဲ့ပါတယ်။

ယူနိုက်တက်တို့ဟာ သူတို့ရဲ့ နည်းပြသစ် အဲရစ် တန်ဟက်ပ်လက်ထက် ရာသီအစမှာ ညံ့ဖျင်းမှုတစ်ခု နောက်ထပ်ပြုလုပ်ခဲ့ပြီး နှစ်ပွဲရှုံးပြီးနောက် ဇယားအောက်ဆုံးမှာ ရှိနေခဲ့ပါတယ်။

ဂလေဇာမိသားစုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို ဩဂုတ် ၂၂ ရက် အိမ်ကွင်းမှာ ပြင်းထန်ပြိုင်ဘက် လီဗာပူးလ်နဲ့ ယူနိုက်တက်ရဲ့ ပွဲမတိုင်မီ စီစဉ်ထားပါတယ်။

မကြာသေးခင်က တက်စတလာ (Tesla) ရှယ်ယာတွေကို ဒေါ်လာ ၇ ဘီလီယံနီးပါး ရောင်းချခဲ့တဲ့ မတ်စ်ဟာ Twitter ကို ဝယ်ယူဖို့ သူ့ရဲ့ အစီအစဉ်ကို ဖျက်သိမ်းလိုက်တဲ့အတွက် အမေရိကန် ဒယ်လာဝဲပြည်နယ်မှာ တရားရေးရာ ရင်ဆိုင်နေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly