တိုင်းပြည်နွံနစ်နေတာတောင် အပြောမလျော့သေးတဲ့ စစ်ခေါင်းဆောင်(ဆောင်းပါး)

17 August 2022
တိုင်းပြည်နွံနစ်နေတာတောင် အပြောမလျော့သေးတဲ့ စစ်ခေါင်းဆောင်(ဆောင်းပါး)

တိုင်းပြည်ကနွံနစ်နေပြီ အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ အပြောမလျော့သေးဘူး။ ၆လအတွင်းစီးပွားရေး နလန်ပြန်ထူ အောင်လုပ်မယ်ဆိုတာကိုပဲ တတွင်တွင်ပြောနေတယ်။ ဩဂုတ် ၁၀ ရက်ကလုပ်တဲ့ပြည်ထောင်စု အစိုးရအဖွဲ့လုပ်ငန်းဆောင်ရွက်ချက်များညှိနှိုင်းအစည်းအဝေးမှာလည်းဒီအကြောင်းကိုပဲပြောနေခဲ့ပြန်တယ်။
ခြောက်လအတွင်း နိုင်ငံတိုးတက်ရေးကို ဆောင်ရွက်ဖို့ဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဖို့လိုတယ်ဆိုပြီးတိုက်တွန်းနေတာတွေ့ရပါတယ်။ အခုဆိုရင်တိုင်းပြည်ရဲ့ ဈေး ကွက်စီးပွားရေးစနစ်ဟာကမောက်ကမတွေဖြစ်နေတာ အားလုံးအသိပါပဲ။
#Politics
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly