မန်ယူကို ဝယ်မည်ဟု အီလွန်မတ် ပြော

မန်ယူကို ဝယ်မည်ဟု အီလွန်မတ် ပြော
Photo: EPA

အီလွန်မတ်က မန်ချက်စတာယူနိုက်တက်ဘောလုံးကလပ်အသင်းကို ဝယ်ယူမည်ဟု သူ၏တွစ်တာအကောင့်တွင် အင်္ဂါနေ့ညက ကြေညာလိုက်သည်။

အသက် ၅၁ နှစ်အရွယ် တက်စလာ စီအီးအိုက ပရီးမီးယားလိဂ်ကလပ်အသင်းကို ဝယ်မည်ဆိုခြင်းမှာ လေးလေးနက်နက်ပြောခြင်းဟုတ် မဟုတ်ကတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါ။ 

ကမ္ဘာပေါ်တွင် အကြီးဆုံးဘောလုံးကလပ်အသင်းတစ်ခုဖြစ်သော ဂလေဇာမိသားစုပိုင် မန်ယူအသင်းသည် မကြာသေးခင်နှစ်များက ခက်ခဲသည့်ကာလကိုကြုံနေရသည်။ ၂၀၁၃ ခုနှစ်ကစတင်၍ လိဂ်ချန်ပီယံဖြစ်မလာတော့ဘဲ ၎င်း၏ပရိတ်သတ်များက အသင်းပိုင်ရှင်များကို ဆန္ဒပြမှုများစွာဖြစ်ပေါ်ခဲ့သည်။

သို့သော် ကလပ်အနေဖြင့် စီးပွားရေးအရ အင်အားကောင်းနေစဲဖြစ်ပြီး တန်ဖိုးအား​ဖြင့် ပေါင်စတာလင် လေးဘီလီယံကျော် ငါးဘီလီယံနီးပါးစျေးပေါက်သည်။

အီလွန်မတ်က အင်္ဂါနေ့ညတွင်  ငါတော့ မန်ယူကိုလည်း ဝယ်ဦးမှာ၊ ကြိုဆိုပါတယ်" ဟု တွစ်တာတွင် ရေးသားသည်။ 

မရှင်းမလင်းဖြစ်စေတာကတော့ မတ်၏တွစ်သည် သူ၏တစ်ခြားသော နိုင်ငံရေးနှင့်ဆိုင်သော ပို့စ်များကို တိုက်ရိုက်အကြောင်းပြန်ချက်တစ်ခုဖြစ်နေသည်။ 

ဗွေဆော်ဦးတွစ်တွင် "ရှင်းရှင်းပြောရရင် ရီပတ်ဘလီကင်ပါတီရဲ့ လက်ဝဲတစ်ခြမ်းနဲ့ ဒီမိုကရက်ပါတီရဲ့ လက်ယာတစ်ခြမ်းကို ကျနော်ထောက်ပံ့တယ်" ဟု ရေးသားခဲ့သည်။ 

အီလွန်မက်သည် တွစ်တာကို ဒေါ်လာ ၄၄ ဘီလီယံနှင့် ၀ယ်မည်ဆိုပြီးကာမှ မဝယ်တော့ဘဲ လုပ်လိုက်၍ တရားရင်ဆိုင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly