ပေါင်မြို့နယ် ဇင်းကျိုက်မြို့တွင် မိုးသန်းထန်စွာ ရွာသွန်းနေမှုကြောင့် ကားလမ်း ရေကျော်

ပေါင်မြို့နယ် ဇင်းကျိုက်မြို့တွင် မိုးသန်းထန်စွာ ရွာသွန်းနေမှုကြောင့် ကားလမ်း ရေကျော်

ဩဂုတ်လ ၁၆ ရက်

မွန်ပြည်နယ်၊ သထုံခရိုင် ပေါင်မြို့နယ်တွင် ဩဂုတ်လ ၁၆ ရက်နေ့ နံနက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းနေ၍ တောင်ကျရေများကြောင့် ပေါင်မြို့နှင့် ဇင်းကျိုက်တို့၌ ကားလမ်း ရေကျော်နေမှု ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ မိုးဆက်မပြတ် ရွာသွန်းမှုကြောင့် ယင်း မြို့ရှိ မိုးနှိုင်းရပ်ကွက် စွယ်တော်ပိုင်း၊ ဥတ္တံတားကျေးရွာနှင့် ဖလပ်ကျေးရွာတို့မှ ကားလမ်းမ တစ်လျောက် မိုးကောင်းရေ မြင့်တက်နေသလို၊ ဖလပ်ရပ်ကွက်ရှိ ဌေး လက်ဘက်ရည်ဆိုင်ရှေ့မှ ဘူတာလမ်းအထိ မိုးရေ တစ်ပေခန့် အထိ မြင့်တက် နေကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

ဇင်းကျိုက်မြို့ခံ တစ်ဦးက“မနက်ကတည်းက ရွာနေတဲ့ မိုးကြောင့် အခု နေ့လယ် ၁ နာရီကျော်ကြာအထိ မိုးက မစဲသေးပါဘူး ကားနဲ့ ဆိုင်ကယ်တွေ ဖြတ်သွားလို့ မရတော့ဘူး ဖြစ်နေတယ်”ဟု ပြောသည်။

လက်ရှိတွင် မိုးရွာသွန်းမှု ဖြစ်ပွားနေရာမှ ရေကြီးရေလျှံမှုကြောင့် ဒေသခံ ပြည်သူများနှင့် စစ်ကောင်စီ လက်အောက်ခံ အဖွဲ့စည်းများဖြင့် ယာဉ်သွား ယာဉ်လာ အန္တရာယ်ကင်းရှင်ရေးအတွက်နှင့် အခြားကယ်ဆယ်ရေး လုပ်ငန်းများ ပြုလုပ်နေကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly